ရှင်​လု​ကာ​ခ​ရစ်​ဝင်

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 13 Myanmar Standard Bible (MSB)

နောင်​တ သို့​မ​ဟုတ် ပျက်​စီး​ခြင်း

1. ထို​အ​ချိန်​၌​ပင် လူ​အ​ချို့​တို့​သည်​ရောက်​လာ​၍ ပိ​လတ်​မင်း​သည် ဂါ​လိ​လဲ​နယ်​သား​အ​ချို့​တို့​၏​သွေး​ကို သူ​တို့​ပူ​ဇော်​သော​ယဇ်​များ​နှင့်​ရော​နှော​ခဲ့​ကြောင်း ကိုယ်​တော်​အား​ကြား​လျှောက်​ကြ​၏။

2. ကိုယ်​တော်​က​လည်း “ထို​ဂါ​လိ​လဲ​နယ်​သား​တို့​သည် ထို​သို့​သော​ဒုက္ခ​ဝေ​ဒ​နာ​ကို​ခံ​စား​ကြ​ရ​သော​ကြောင့် အ​ခြား​ဂါ​လိ​လဲ​နယ်​သား​အား​လုံး​တို့​ထက် အ​ပြစ်​များ​သည်​ဟု သင်​တို့​ထင်​ကြ​သ​လော။

3. ထို​သို့​မ​ဟုတ်​ပေ။ သင်​တို့​အား ငါ​ဆို​သည်​ကား သင်​တို့​အား​လုံး​သည်​လည်း နောင်​တ​မ​ရ​လျှင် ထို​နည်း​တူ​ပျက်​စီး​ကြ​လိမ့်​မည်။

4. ထို့​ပြင် ရှိ​လောင်​မျှော်​စင်​ပြို​ကျ​သ​ဖြင့် ပိ​မိ​၍​သေ​ဆုံး​သော​သူ​တစ်​ဆယ့်​ရှစ်​ယောက်​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​တွင် နေ​ထိုင်​ကြ​သော​အ​ခြား​သူ​အား​လုံး​တို့​ထက် အ​ပြစ်​များ​သည်​ဟု သင်​တို့​ထင်​ကြ​သ​လော။

5. ထို​သို့​မ​ဟုတ်​ပေ။ သင်​တို့​အား ငါ​ဆို​သည်​ကား သင်​တို့​အား​လုံး​သည်​လည်း နောင်​တ​မ​ရ​လျှင် ထို​နည်း​တူ​ပျက်​စီး​ကြ​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

အ​သီး​မ​သီး​သော​သ​ဖန်း​ပင်​ပုံ​ဥ​ပ​မာ

6. ထို့​နောက် ကိုယ်​တော်​သည် ဤ​ပုံ​ဥ​ပ​မာ​ကို​ပေး​၍ မြွက်​ဆို​တော်​မူ​သည်​မှာ “လူ​တစ်​ဦး​တွင် မိ​မိ​စ​ပျစ်​ခြံ​ထဲ​၌​စိုက်​ထား​သော သ​ဖန်း​ပင်​တစ်​ပင်​ရှိ​၏။ သူ​သည် ထို​အ​ပင်​၌ အ​သီး​ကို​လာ​ရှာ​သော်​လည်း​မ​တွေ့​ရ​ချေ။

7. ထို​အ​ခါ သူ​သည် ဥ​ယျာဉ်​မှူး​အား ‘ကြည့်​လော့။ ငါ​သည် သုံး​နှစ်​တိုင်​တိုင် ဤ​သ​ဖန်း​ပင်​အ​ပေါ်​၌ အ​သီး​ကို​လာ​ရှာ​သော်​လည်း​မ​တွေ့​ရ။ ဤ​သ​ဖန်း​ပင်​ကို​ခုတ်​ပစ်​လော့။ အ​ဘယ်​ကြောင့် မြေ​ကို အ​ကျိုး​မဲ့​ဖြစ်​စေ​မည်​နည်း’​ဟု ဆို​၏။

8. သို့​သော် ဥ​ယျာဉ်​မှူး​က ‘သ​ခင်၊ ဤ​အ​ပင်​ကို ယ​ခု​နှစ်​လည်း​ထား​ပါ​ဦး။ အ​ပင်​ပတ်​လည်​ကို အ​ကျွန်ုပ်​တူး​ဆွ​၍ မြေ​သြ​ဇာ​ထည့်​ပါ​ဦး​မည်။

9. ထို​သို့​ပြု​လျှင် နောက်​နှစ်​တွင် အ​သီး သီး​ကောင်း​သီး​ပါ​လိမ့်​မည်။ အ​ကယ်​၍ မ​သီး​ပါ​က ခုတ်​ပစ်​နိုင်​ပါ​သည်’​ဟု ပြန်​လျှောက်​၏”​ဟူ​၍ မိန့်​တော်​မူ​၏။

ဥ​ပုသ်​နေ့​၌​အ​နာ​ရော​ဂါ​ကို​ငြိမ်း​စေ​တော်​မူ​ခြင်း

10. ကိုယ်​တော်​သည် ဥ​ပုသ်​နေ့​၌ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တစ်​ကျောင်း​တွင် သွန်​သင်​လျက်​နေ​တော်​မူ​၏။

11. ထို​အ​ခါ တစ်​ဆယ့်​ရှစ်​နှစ်​ပတ်​လုံး နာ​မ​ကျန်း​ဖြစ်​စေ​သော​နတ်​ပူး​သ​ဖြင့် ခါး​ကုန်း​လျက် လုံး​ဝ​တည့်​မတ်​စွာ​မ​ရပ်​နိုင်​သော​အ​မျိုး​သ​မီး​တစ်​ဦး​ရှိ​၏။

12. ယေ​ရှု​သည် သူ့​ကို​မြင်​လျှင် အ​ထံ​တော်​သို့​ခေါ်​၍ “အ​ချင်း​မိန်း​မ၊ သင်​သည် သင်​၏​နာ​မ​ကျန်း​ဖြစ်​ခြင်း​မှ လွတ်​မြောက်​ပြီ”​ဟု မိန့်​တော်​မူ​ပြီး​လျှင်

13. သူ့​အ​ပေါ် လက်​တော်​ကို​တင်​တော်​မူ​၏။ ထို​ခ​ဏ​ချင်း​တွင် သူ​၏​ခါး​သည် ခိုင်​ခံ့​တည့်​မတ်​၍ သူ​သည် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​လေ​၏။

14. သို့​သော် ဥ​ပုသ်​နေ့​၌ အ​နာ​ရော​ဂါ​ကို​ယေ​ရှု​ငြိမ်း​စေ​တော်​မူ​သော​ကြောင့် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တာ​ဝန်​ခံ​သည် စိတ်​ဆိုး​လျက် “အ​လုပ်​လုပ်​ရ​မည့်​နေ့​ရက်​ခြောက်​ရက်​ရှိ​သည်​ဖြစ်​၍ ထို​နေ့​ရက်​များ​၌​လာ​၍ ရော​ဂါ​ငြိမ်း​စေ​ခြင်း​ကို​ခံ​ယူ​ကြ​လော့။ ဥ​ပုသ်​နေ့​၌​မ​လာ​ကြ​နှင့်”​ဟု လူ​ထု​ပ​ရိ​သတ်​တို့​အား​ဆို​၏။

15. သ​ခင်​ဘု​ရား​က​လည်း “သူ​တော်​ကောင်း​ယောင်​ဆောင်​သော​သူ​တို့၊ သင်​တို့​အ​သီး​သီး​သည် ဥ​ပုသ်​နေ့​၌ မိ​မိ​တို့​နွား သို့​မ​ဟုတ် မြည်း​ကို တင်း​ကုပ်​မှ​လွှတ်​၍ ရေ​တိုက်​ရန်​ခေါ်​ဆောင်​သွား​ကြ​သည်​မ​ဟုတ်​လော။

16. သို့​ဖြစ်​လျှင် တစ်​ဆယ့်​ရှစ်​နှစ်​ပတ်​လုံး စာ​တန်​ချည်​နှောင်​ထား​သည့် အာ​ဗြ​ဟံ​၏​သ​မီး​ဖြစ်​သော ဤ​သူ​ကို ဥ​ပုသ်​နေ့​၌ ထို​ချုည်​နှောင်​ခြင်း​မှ လွတ်​စေ​သင့်​သည်​မ​ဟုတ်​လော”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

17. ထို​သို့ ကိုယ်​တော်​မိန့်​တော်​မူ​သော​အ​ခါ ကိုယ်​တော်​ကို​ဆန့်​ကျင်​နေ​သော​သူ​ရှိ​သ​မျှ​တို့​သည် အ​ရှက်​ရ​ကြ​၏။ လူ​ထု​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ပြု​တော်​မူ​သည့် ထူး​မြတ်​သော​အ​မှု​အ​လုံး​စုံ​တို့​အ​တွက် ဝမ်း​မြောက်​ကြ​၏။

မုန်​ညင်း​နက်​စေ့​နှင့်​တ​ဆေး​ပုံ​ဥ​ပ​မာ

18. ထို့​ကြောင့် ကိုယ်​တော်​က “ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် မည်​သည့်​အ​ရာ​နှင့်​တူ​သ​နည်း။ ၎င်း​ကို မည်​သည့်​အ​ရာ​နှင့်​ခိုင်း​နှိုင်း​ရ​မည်​နည်း။

19. ၎င်း​သည် မုန်​ညင်း​နက်​စေ့​နှင့်​တူ​၏။ လူ​တစ်​ဦး​သည် ထို​အ​စေ့​ကို​ယူ​၍ မိ​မိ​ဥ​ယျာဉ်​ထဲ​၌​ကြဲ​သော​အ​ခါ ထို​အ​စေ့​သည် အ​ပင်​ပေါက်​ကြီး​ထွား​၍ အ​ပင်​ကြီး​ဖြစ်​လာ​ကာ မိုး​ကောင်း​ကင်​ငှက်​တို့​သည် ၎င်း​၏​အ​ကိုင်း​များ​တွင် အ​သိုက်​ဖွဲ့​၍​နေ​ကြ​၏”​ဟု မိန့်​တော်​မူ​၏။

20. တစ်​ဖန် ကိုယ်​တော်​က “ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို မည်​သည့်​အ​ရာ​နှင့်​ခိုင်း​နှိုင်း​ရ​မည်​နည်း။

21. ၎င်း​သည် တ​ဆေး​နှင့်​တူ​၏။ အ​မျိုး​သ​မီး​တစ်​ဦး​သည် တ​ဆေး​ကို​ယူ​၍ ဂျုံ​မှုန့်​သုံး​စိတ်​ထဲ​တွင်​ထည့်​လိုက်​သော် မုန့်​ညက်​တစ်​ပုံ​လုံး​ကို​ဖောင်း​ပွ​စေ​၏”​ဟု မိန့်​တော်​မူ​၏။

ကျဉ်း​သော​တံ​ခါး

22. ထို့​နောက် ကိုယ်​တော်​သည် တစ်​မြို့​ပြီး​တစ်​မြို့၊ တစ်​ရွာ​ပြီး​တစ်​ရွာ​လှည့်​လည်​၍ သွန်​သင်​တော်​မူ​ရင်း ဂျေ​ရု​ဆ​လင်​မြို့​သို့​ခ​ရီး​ပြု​တော်​မူ​၏။

23. ထို​အ​ခါ လူ​တစ်​ဦး​က “သ​ခင်၊ ကယ်​တင်​ခြင်း​ခံ​ရ​သူ အ​နည်း​ငယ်​သာ​ရှိ​သ​လော”​ဟု မေး​လျှောက်​၏။ ကိုယ်​တော်​က​လည်း

24. “ကျဉ်း​သော​တံ​ခါး​မှ​ဝင်​ရန် ကြိုး​စား​ကြ​လော့။ အ​ကြောင်း​မူ​ကား လူ​များ​စွာ​တို့​သည် ဝင်​ရန်​ရှာ​ကြံ​ကြ​သော်​လည်း မ​ဝင်​နိုင်​ကြ​ဟု သင်​တို့​အား ငါ​ဆို​၏။

25. အိမ်​ရှင်​သည်​ထ​၍ တံ​ခါး​ကို​ပိတ်​ပြီး​မှ သင်​တို့​သည် အ​ပြင်​၌​ရပ်​၍ တံ​ခါး​ကို​ခေါက်​လျက် ‘သ​ခင်၊ အ​ကျွန်ုပ်​တို့​အား​တံ​ခါး​ဖွင့်​ပေး​ပါ’​ဟု ဆို​ကြ​သော်​လည်း သ​ခင်​က ‘သင်​တို့​သည် အ​ဘယ်​က​လာ​ကြ​သည်​ကို ငါ​မ​သိ’​ဟု ပြန်​၍​ဆို​လိမ့်​မည်။

26. ထို​အ​ခါ သင်​တို့​က ‘အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​နှင့်​အ​တူ​စား​သောက်​ခဲ့​ကြ​ပါ​၏။ ကိုယ်​တော်​သည်​လည်း အ​ကျွန်ုပ်​တို့​၏​လမ်း​မ​ပေါ်​တွင် သွန်​သင်​ပေး​ခဲ့​ပါ​၏’​ဟု လျှောက်​ကြ​လိမ့်​မည်။

27. သို့​သော် သ​ခင်​က ‘သင်​တို့​သည် အ​ဘယ်​က​လာ​ကြ​သည်​ကို ငါ​မ​သိ။ မ​တ​ရား​မှု​ကို​ပြု​သော​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​မှ​ထွက်​သွား​ကြ​လော့’​ဟု သင်​တို့​အား​ဆို​လိမ့်​မည်။

28. ထို​အ​ခါ အာ​ဗြ​ဟံ၊ ဣ​ဇက်၊ ယာ​ကုပ်​နှင့် ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ထဲ​၌​ရှိ​ကြ​သည်​ကို သင်​တို့​မြင်​ရ​ကြ​သော်​လည်း သင်​တို့​ကိုယ်​တိုင်​မူ​ကား အ​ပြင်​သို့ နှင်​ထုတ်​ခြင်း​ခံ​ရ​သ​ဖြင့် ထို​နေ​ရာ​၌ ငို​ကြွေး​ခြင်း​နှင့်​အံ​ကြိတ်​ခြင်း​ရှိ​ကြ​လိမ့်​မည်။

29. တစ်​ဖန် လူ​တို့​သည် အ​ရှေ့​အ​ရပ်​နှင့် အ​နောက်​အ​ရပ်​တို့​မှ​လည်း​ကောင်း၊ တောင်​အ​ရပ်​နှင့် မြောက်​အ​ရပ်​တို့​မှ​လည်း​ကောင်း လာ​၍ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တွင် စား​သောက်​ပွဲ​၌​ထိုင်​ကြ​လိမ့်​မည်။

30. အ​ဦး​ဆုံး​ဖြစ်​မည့် နောက်​ဆုံး​သော​သူ​များ​ရှိ​ကြ​၏။ နောက်​ဆုံး​ဖြစ်​မည့် အ​ဦး​ဆုံး​သော​သူ​များ​လည်း​ရှိ​ကြ​၏”​ဟု မိန့်​တော်​မူ​၏။

ယေ​ရှု​နှင့်​ဟေ​ရုဒ်

31. ထို​အ​ချိန်​၌ ဖာ​ရိ​ရှဲ​အ​ချို့​တို့​သည် ကိုယ်​တော်​ထံ​သို့​လာ​၍ “ဟေ​ရုဒ်​သည် သင့်​ကို​သတ်​လို​သည်​ဖြစ်​၍ ဤ​အ​ရပ်​မှ ထွက်​သွား​ပါ”​ဟု လျှောက်​ကြ​၏။

32. ကိုယ်​တော်​က​လည်း “သွား​၍ ထို​မြေ​ခွေး​ကို​ပြော​ကြ​လော့။ ငါ​သည် ယ​နေ့​နှင့်​မ​နက်​ဖြန် နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​၍ အ​နာ​ရော​ဂါ​များ​ကို​ငြိမ်း​စေ​ပြီး သုံး​ရက်​မြောက်​သော​နေ့​၌ အ​မှု​ကို​ပြီး​မြောက်​စေ​မည်။

33. သို့​ရာ​တွင် ငါ​သည် ယ​နေ့၊ မ​နက်​ဖြန်​နှင့် နောက်​တစ်​နေ့​တို့​၌ ခ​ရီး​သွား​ရ​ဦး​မည်။ အ​ကြောင်း​မူ​ကား ပ​ရော​ဖက်​သည် ဂျေ​ရု​ဆ​လင်​မြို့​မှ​တစ်​ပါး အ​ခြား​အ​ရပ်​၌ သေ​ရ​သည်​ဟူ​၍​မ​ရှိ​နိုင်။

34. အို ဂျေ​ရု​ဆ​လင်​မြို့၊ ဂျေ​ရု​ဆ​လင်​မြို့၊ ပ​ရော​ဖက်​များ​ကို​သတ်​၍ မိ​မိ​ထံ​သို့​စေ​လွှတ်​ခြင်း​ခံ​ရ​သော​သူ​တို့​ကို ခဲ​နှင့်​ပေါက်​သတ်​သော​မြို့၊ ကြက်​မ​သည် မိ​မိ​၏​ကြက်​က​လေး​များ​ကို အ​တောင်​အောက်​၌​စု​သိမ်း​သ​ကဲ့​သို့ ငါ​သည် သင်​၏​သား​သ​မီး​တို့​ကို​စု​သိမ်း​ရန် ကြိမ်​ဖန်​များ​စွာ​အ​လို​ရှိ​ခဲ့​၏။ သို့​သော် သင်​သည်​အ​လို​မ​ရှိ။

35. ကြည့်​ရှု​လော့။ သင်​တို့​၏​အိမ်​သည် သင်​တို့​ထံ​၌ စွန့်​ပစ်​ထား​ခြင်း​ခံ​ရ​လိမ့်​မည်။ သင်​တို့​အား ငါ​ဆို​သည်​ကား ‘ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​၌ ကြွ​လာ​တော်​မူ​သော​အ​ရှင်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း’​ဟု သင်​တို့​ပြော​သည့်​အ​ချိန်​မ​ရောက်​မီ​တိုင်​အောင် သင်​တို့​သည် ငါ့​ကို​လုံး​ဝ​မြင်​ရ​လိမ့်​မည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။