ရှင်​မဿဲ​ခ​ရစ်​ဝင်

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28

Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 24 Myanmar Standard Bible (MSB)

1. ယေ​ရှု​သည် ဗိ​မာန်​တော်​မှ ထွက်​ခွာ​သွား​တော်​မူ​စဉ် တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်​လာ​၍ ကိုယ်​တော်​အား ဗိ​မာန်​တော်​အ​ဆောက်​အ​အုံ​များ​ကို​ပြ​ကြ​၏။

2. ကိုယ်​တော်​က​လည်း “ဤ​အ​ရာ​အား​လုံး​ကို သင်​တို့​မြင်​ကြ​သည်​မ​ဟုတ်​လော။ သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ ဤ​နေ​ရာ​၌ ကျောက်​တုံး​တစ်​တုံး​သည် ဖြို​ချ​မ​ခံ​ရ​ဘဲ အ​ခြား​ကျောက်​တုံး​တစ်​တုံး​ပေါ်​၌ ကျန်​ရစ်​ခဲ့​သည်​ဟူ​၍ လုံး​ဝ​ရှိ​လိမ့်​မည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။

3. ထို့​နောက် သံ​လွင်​တောင်​ပေါ်​၌ ကိုယ်​တော်​ထိုင်​နေ​တော်​မူ​စဉ် တ​ပည့်​တော်​တို့​သည် သူ​တို့​ချည်း​သာ အ​ထံ​တော်​သို့​ချဉ်း​ကပ်​လာ​၍ “ထို​အ​ရာ​များ​သည် မည်​သည့်​အ​ချိန်​၌​ဖြစ်​ပျက်​မည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကြွ​လာ​တော်​မူ​ချိန်​နှင့် ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​တို့​၌ မည်​သည့်​အ​တိတ်​နိ​မိတ်​ဖြစ်​ပေါ်​မည်​ကို​လည်း​ကောင်း အ​ကျွန်ုပ်​တို့​အား မိန့်​တော်​မူ​ပါ”​ဟု လျှောက်​ကြ​၏။

4. ယေ​ရှု​က​လည်း “မည်​သူ​မျှ သင်​တို့​ကို​မ​လှည့်​ဖြား​စေ​ရန် သ​တိ​ပြု​ကြ​လော့။

5. အ​ကြောင်း​မူ​ကား များ​စွာ​သော​သူ​တို့​သည် ငါ​၏​နာ​မ​ကို​ခံ​ယူ​သုံး​စွဲ​၍ ရောက်​လာ​ကာ ‘ငါ​သည်​ခ​ရစ်​တော်​ဖြစ်​၏’​ဟု ဆို​ကြ​ပြီး လူ​အ​မြောက်​အ​မြား​တို့​ကို လှည့်​ဖြား​ကြ​လိမ့်​မည်။

6. စစ်​ပွဲ​များ​အ​ကြောင်း​နှင့် စစ်​မက်​သ​တင်း​တို့​ကို​လည်း သင်​တို့​ကြား​ကြ​လိမ့်​မည်။ သ​တိ​ပြု​လျက် စိုး​ရိမ်​ထိတ်​လန့်​ခြင်း​မ​ရှိ​ကြ​နှင့်။ အ​ကြောင်း​မူ​ကား ထို​အ​ရာ​များ​သည်​ဖြစ်​ပျက်​ရ​မည်။ သို့​သော် အ​ဆုံး​သည်​မ​ရောက်​သေး။

7. လူ​မျိုး​တစ်​မျိုး​နှင့်​တစ်​မျိုး၊ နိုင်​ငံ​တစ်​နိုင်​ငံ​နှင့်​တစ်​နိုင်​ငံ​တို့​သည် ရန်​ဘက်​ပြု​ကြ​၍ အ​ရပ်​ရပ်​တို့​၌ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​နှင့် င​လျင်​လှုပ်​ခြင်း​များ​ဖြစ်​ကြ​လိမ့်​မည်။

8. ဤ​အ​ရာ​အား​လုံး​တို့​သည် သား​ဖွား​ခြင်း​ဝေ​ဒ​နာ​၏​အ​စ​ဖြစ်​၏။

9. ထို့​နောက် လူ​တို့​သည် သင်​တို့​ကို​နှိပ်​စက်​ရန် အပ်​နှံ​၍ သင်​တို့​ကို သတ်​ဖြတ်​ကြ​လိမ့်​မည်။ သင်​တို့​သည် ငါ့​နာ​မ​ကြောင့် လူ​မျိုး​တ​ကာ​တို့​၏​မုန်း​တီး​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

10. ထို​ကာ​လ​၌ များ​စွာ​သော​လူ​တို့​သည် စိတ်​ပျက်​ကြ​၍ အ​ချင်း​ချင်း​အပ်​နှံ​လျက် အ​ချင်း​ချင်း​မုန်း​တီး​ကြ​လိမ့်​မည်။

11. များ​စွာ​သော​ပ​ရော​ဖက်​အ​တု​အ​ယောင်​တို့​သည် ပေါ်​လာ​၍ လူ​အ​မြောက်​အ​မြား​တို့​ကို လှည့်​ဖြား​ကြ​လိမ့်​မည်။

12. တ​ရား​မဲ့​ခြင်း​သည်​လည်း များ​ပြား​လာ​သ​ဖြင့် များ​စွာ​သော​လူ​တို့​၏​ချစ်​ခြင်း​မေတ္တာ​သည် ခေါင်း​ပါး​လိမ့်​မည်။

13. သို့​သော် အ​ဆုံး​တိုင်​အောင် တည်​ကြည်​သော​သူ​သည် ကယ်​တင်​ခြင်း​ခံ​ရ​လိမ့်​မည်။

14. နိုင်​ငံ​တော်​နှင့်​ဆိုင်​သည့် ဤ​ကောင်း​မြတ်​သော​သ​တင်း​ကို​လည်း လူ​မျိုး​တ​ကာ​တို့​ထံ​သက်​သေ​ဖြစ်​မည့်​အ​ကြောင်း ကမ္ဘာ​တစ်​ဝန်း​လုံး​၌ ဟော​ပြော​ကြ​လိမ့်​မည်။ ထို့​နောက်​မှ အ​ဆုံး​သည်​ရောက်​လာ​လိမ့်​မည်။

15. ထို့​ကြောင့် ပ​ရော​ဖက်​ဒံ​ယေ​လ​အား​ဖြင့် မိန့်​တော်​မူ​ခဲ့​သည့် ပျက်​စီး​ဆိတ်​သုဉ်း​ခြင်း​နှင့်​ဆိုင်​သော​ရွံ​ရှာ​ဖွယ်​အ​ရာ​သည် သန့်​ရှင်း​သော​နေ​ရာ​၌ ရပ်​နေ​သည်​ကို သင်​တို့​မြင်​ကြ​သော​အ​ခါ (ဖတ်​သော​သူ​နား​လည်​ပါ​စေ)

16. ယု​ဒ​နယ်​၌​ရှိ​သော​သူ​တို့​သည် တောင်​များ​ပေါ်​သို့ ထွက်​ပြေး​ကြ​စေ။

17. လေ​သာ​ဆောင်​ပေါ်​၌​ရှိ​သော​သူ​သည် မိ​မိ​အိမ်​ထဲ​မှ ပစ္စည်း​များ​ကို​ယူ​ရန် အောက်​သို့​မ​ဆင်း​စေ​နှင့်။

18. လယ်​၌​ရှိ​သော​သူ​သည်​လည်း မိ​မိ​၏​ဝတ်​ရုံ​ကို​ယူ​ရန် နောက်​သို့​ပြန်​မ​လှည့်​စေ​နှင့်။

19. ထို​နေ့​ရက်​တို့​၌ ကိုယ်​ဝန်​ဆောင်​အ​မျိုး​သ​မီး​များ​နှင့် နို့​စို့​က​လေး​ငယ်​ရှိ​သော​မိ​ခင်​များ​သည် စိတ်​မ​ချမ်း​မြေ့​ဖွယ်​ဖြစ်​ကြ​လိမ့်​မည်။

20. သင်​တို့​ထွက်​ပြေး​ရ​မည့်​အ​ချိန်​သည် ဆောင်း​ရာ​သီ​နှင့်​ဥ​ပုသ်​နေ့​တို့​မ​ဖြစ်​စေ​ရန် ဆု​တောင်း​ကြ​လော့။

21. အ​ကြောင်း​မူ​ကား ကမ္ဘာ​ဦး​မှ​စ​၍ ယ​ခု​တိုင်​အောင် မ​ဖြစ်​စ​ဖူး၊ နောင်​တွင်​လည်း လုံး​ဝ​ဖြစ်​မည်​မ​ဟုတ်​သော ကြီး​မား​သည့် ဆင်း​ရဲ​ဒုက္ခ​မျိုး​သည် ထို​ကာ​လ​၌ ကျ​ရောက်​လိမ့်​မည်။

22. ထို​နေ့​ရက်​တို့​ကို တို​တောင်း​စေ​တော်​မ​မူ​လျှင် မည်​သူ​မျှ​လွတ်​နိုင်​မည်​မ​ဟုတ်။ သို့​သော် ရွေး​ကောက်​ခံ​ရ​သော​သူ​တို့​အ​တွက် ထို​နေ့​ရက်​တို့​ကို တို​တောင်း​စေ​တော်​မူ​လိမ့်​မည်။

23. ထို​အ​ခါ တစ်​စုံ​တစ်​ယောက်​က သင်​တို့​အား ‘ကြည့်​လော့။ ခ​ရစ်​တော်​သည် ဤ​အ​ရပ်​၌​ရှိ​၏’ သို့​မ​ဟုတ် ‘ထို​အ​ရပ်​၌​ရှိ​၏’​ဟု ဆို​လျှင်​လည်း မ​ယုံ​ကြ​နှင့်။

24. အ​ကြောင်း​မူ​ကား ခ​ရစ်​တော်​အ​တု​အ​ယောင်​များ​နှင့် ပ​ရော​ဖက်​အ​တု​အ​ယောင်​များ​ပေါ်​လာ​၍ ဖြစ်​နိုင်​လျှင် ရွေး​ကောက်​ခံ​ရ​သော​သူ​တို့​ကို​ပင် လှည့်​ဖြား​ရန် ကြီး​မား​သော​နိ​မိတ်​လက္ခ​ဏာ​များ​နှင့် အံ့​ဩ​ဖွယ်​ရာ​များ​ကို ပြု​ကြ​လိမ့်​မည်။

25. နား​ထောင်​ကြ​လော့။ သင်​တို့​အား ငါ​ကြို​တင်​ပြော​ထား​ပြီ။

26. ထို့​ကြောင့် လူ​တို့​က ‘ကြည့်​လော့။ ကိုယ်​တော်​သည် တော​ကန္တာ​ရ​၌​ရှိ​သည်’​ဟု ပြော​လျှင်​လည်း ထွက်​မ​သွား​ကြ​နှင့်။ ‘ကြည့်​လော့။ အိမ်​အ​တွင်း​ခန်း​ထဲ​၌​ရှိ​သည်’​ဟု ပြော​လျှင်​လည်း မ​ယုံ​ကြ​နှင့်။

27. အ​ကြောင်း​မူ​ကား လျှပ်​စီး​သည် အ​ရှေ့​အ​ရပ်​မှ​လက်​ပြီး အ​နောက်​အ​ရပ်​တိုင်​အောင် ထွန်း​လင်း​သ​ကဲ့​သို့ လူ့​သား​၏​ကြွ​လာ​ခြင်း​သည်​လည်း ထို​နည်း​တူ​ဖြစ်​လိမ့်​မည်။

28. အ​သေ​ကောင်​ရှိ​ရာ​အ​ရပ်​၌ လင်း​တ​တို့​သည် စု​ဝေး​ကြ​လိမ့်​မည်။

29. ထို​နေ့​ရက်​တို့​၏​ဆင်း​ရဲ​ဒုက္ခ​ပြီး​ဆုံး​သည်​နှင့် ချက်​ချင်း​ပင် နေ​သည် မှောင်​မည်း​သွား​၍ လ​သည်​လည်း မိ​မိ​၏​အ​လင်း​ရောင်​ကို​မ​ပေး​ဘဲ​နေ​လိမ့်​မည်။ ကြယ်​တို့​သည်​လည်း ကောင်း​ကင်​မှ​ကြွေ​ကျ​ကာ အာ​ကာ​သ​ကောင်း​ကင်​၏​စွမ်း​အား​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။

30. ထို့​နောက် လူ့​သား​၏​နိ​မိတ်​လက္ခ​ဏာ​သည် ကောင်း​ကင်​၌ ထင်​ရှား​လိမ့်​မည်။ ထို​အ​ခါ ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ လူ​မျိုး​နွယ်​စု​အား​လုံး​တို့​သည် ရင်​ဘတ်​စည်​တီး​လျက် မြည်​တမ်း​ကာ လူ့​သား​သည် တန်​ခိုး​နှင့်​ကြီး​မား​သော​ဘုန်း​အ​သ​ရေ​တို့​ဖြင့် ကောင်း​ကင်​မှ မိုး​တိမ်​များ​စီး​လျက် ကြွ​လာ​သည်​ကို မြင်​ရ​ကြ​လိမ့်​မည်။

31. ထို့​နောက် လူ့​သား​သည် ကျယ်​လောင်​သော​တံ​ပိုး​မှုတ်​သံ​နှင့်​အ​တူ မိ​မိ​၏​ကောင်း​ကင်​တ​မန်​တို့​ကို​စေ​လွှတ်​သ​ဖြင့် သူ​တို့​သည် ကိုယ်​တော်​ရွေး​ကောက်​ထား​သော​သူ​တို့​ကို ကောင်း​ကင်​အ​စွန်း​တစ်​ဖက်​မှ အ​ခြား​အ​စွန်း​တစ်​ဖက်​တိုင်​အောင် အ​ရပ်​လေး​မျက်​နှာ​မှ စု​စည်း​ကြ​လိမ့်​မည်။

32. သ​ဖန်း​ပင်​မှ ပုံ​ဥ​ပ​မာ​ကို သင်​ယူ​ကြ​လော့။ ၎င်း​၏​အ​ကိုင်း​အ​ခက်​သည်​နု​လာ​ပြီး အ​ရွက်​များ​ထွက်​လာ​သော​အ​ခါ နွေ​ရာ​သီ​နီး​ပြီ​ဖြစ်​ကြောင်း သင်​တို့​သိ​ကြ​၏။

33. ထို​နည်း​တူ သင်​တို့​သည်​လည်း ဤ​အ​ရာ​အား​လုံး​ကို​မြင်​ရ​သော​အ​ခါ လူ့​သား​သည် တံ​ခါး​ဝ​အ​နီး​သို့ ရောက်​ရှိ​နေ​ပြီ​ဖြစ်​ကြောင်း သိ​မှတ်​ကြ​လော့။

34. သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား ဤ​အ​ရာ​အား​လုံး​မ​ဖြစ်​ပျက်​မီ​တိုင်​အောင် ဤ​မျိုး​ဆက်​သည် လုံး​ဝ​မ​ကွယ်​ပျောက်​ရာ။

35. ကောင်း​ကင်​နှင့်​မြေ​ကြီး​သည် ကွယ်​ပျောက်​သွား​လိမ့်​မည်။ ငါ့​စ​ကား​မူ​ကား မည်​သည့်​အ​ခါ​မျှ ကွယ်​ပျောက်​လိမ့်​မည်​မ​ဟုတ်။

36. ထို​နေ့​ရက်၊ ထို​အ​ချိန်​နာ​ရီ​နှင့်​ပတ်​သက်​၍​မူ​ကား ခ​မည်း​တော်​တစ်​ပါး​တည်း​မှ​လွဲ​၍ မည်​သူ​မျှ​မ​သိ။ ကောင်း​ကင်​ဘုံ​ရှိ​ကောင်း​ကင်​တ​မန်​များ​လည်း​မ​သိ။ သား​တော်​လည်း​မ​သိ။

37. လူ့​သား​၏​ကြွ​လာ​ခြင်း​သည် နော​ဧ​၏​နေ့​ရက်​များ​ကဲ့​သို့​ဖြစ်​လိမ့်​မည်။

38. မည်​သို့​နည်း​ဟူ​မူ​ကား ရေ​မ​လွှမ်း​မိုး​မီ​ကာ​လ​၌ နော​ဧ​သည် သင်္ဘော​ထဲ​သို့ ဝင်​သည့်​နေ့​တိုင်​အောင် လူ​တို့​သည် စား​သောက်​လျက်၊ ထိမ်း​မြား​စုံ​ဖက်​လျက်၊ ပေး​စား​ဆောင်​နှင်း​လျက်​နေ​၍

39. ရေ​လွှမ်း​မိုး​ခြင်း​ရောက်​လာ​ပြီး သူ​တို့​အား​လုံး​ကို ဖယ်​ရှား​သုတ်​သင်​သည့်​တိုင်​အောင် သ​တိ​ကင်း​မဲ့​လျက်​နေ​ကြ​၏။ လူ့​သား​ကြွ​လာ​သော​အ​ခါ​၌​လည်း ထို​နည်း​တူ​ဖြစ်​လိမ့်​မည်။

40. ထို​အ​ခါ လယ်​၌​ရှိ​သော​လူ​နှစ်​ဦး​တို့​တွင် တစ်​ဦး​သည် ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​၍ တစ်​ဦး​သည် ကျန်​ရစ်​ရ​လိမ့်​မည်။

41. ကြိတ်​ဆုံ​ကြိတ်​နေ​သော အ​မျိုး​သ​မီး​နှစ်​ဦး​တို့​တွင် တစ်​ဦး​သည် ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​၍ တစ်​ဦး​သည် ကျန်​ရစ်​ရ​လိမ့်​မည်။

42. သို့​ဖြစ်​၍ သ​တိ​နှင့်​စောင့်​နေ​ကြ​လော့။ သင်​တို့​သ​ခင်​သည် မည်​သည့်​နေ့​ရက်​၌​ကြွ​လာ​မည်​ကို သင်​တို့​မ​သိ​ကြ။

43. အိမ်​ရှင်​သည် သူ​ခိုး​လာ​မည့်​အ​ချိန်​ကို​သိ​ထား​လျှင် သ​တိ​နှင့်​စောင့်​နေ​လျက် မိ​မိ​အိမ်​ကို​ဖောက်​ထွင်း​ခွင့်​ပြု​မည်​မ​ဟုတ်​ကြောင်း သိ​မှတ်​ကြ​လော့။

44. ထို့​ကြောင့် လူ့​သား​သည် သင်​တို့​မ​ထင်​မှတ်​သော​အ​ချိန်​၌ ကြွ​လာ​မည်​ဖြစ်​၍ သင်​တို့​သည်​လည်း အ​သင့်​ရှိ​နေ​ကြ​လော့။

45. မိ​မိ​၏​အိမ်​သူ​အိမ်​သား​များ​အား အ​ချိန်​တန်​သော​အ​ခါ အ​စား​အ​စာ​ကို​စီ​စဉ်​ပေး​ရန် သူ​တို့​အ​ပေါ်​သ​ခင်​ခန့်​ထား​သည့် သစ္စာ​နှင့်​ပ​ညာ​သ​တိ​ရှိ​သော​အ​စေ​အ​ပါး​ကား မည်​သူ​နည်း။

46. မိ​မိ​သ​ခင်​ပြန်​လာ​သော​အ​ခါ ထို​အ​တိုင်း​ဆောင်​ရွက်​နေ​သည်​ကို သ​ခင်​တွေ့​ရ​သော​အ​စေ​အ​ပါး​သည် မင်္ဂ​လာ​ရှိ​၏။

47. သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား သ​ခင်​သည် မိ​မိ​၏​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​ကို​ထိန်း​သိမ်း​စောင့်​ရှောက်​ရန် သူ​ကို​ခန့်​ထား​လိမ့်​မည်။

48. သို့​သော် ဆိုး​ယုတ်​သော​အ​စေ​အ​ပါး​သည် မိ​မိ​၏​စိတ်​ထဲ​၌ ‘ငါ့​သ​ခင်​ကြန့်​ကြာ​နေ​၏’​ဟု ဆို​လျက်

49. အ​စေ​အ​ပါး​ချင်း​တို့​ကို ရိုက်​နှက်​ကာ ယစ်​မူး​သော​သူ​များ​နှင့်​အ​တူ စား​သောက်​လျက်​နေ​လျှင်

50. ထို​အ​စေ​အ​ပါး​၏​သ​ခင်​သည် သူ​မျှော်​လင့်​မ​ထား​သော​နေ့၊ သူ​မ​သိ​သော​အ​ချိန်​တွင်​ရောက်​လာ​၍

51. သူ့​ကို ပြင်း​စွာ​ပြစ်​ဒဏ်​ပေး​ကာ သူ​တော်​ကောင်း​ယောင်​ဆောင်​သော​သူ​တို့​နှင့်​အ​တူ နေ​ရာ​ချ​ထား​လိမ့်​မည်။ ထို​နေ​ရာ​၌ ငို​ကြွေး​ခြင်း​နှင့်​အံ​ကြိတ်​ခြင်း​ရှိ​လိမ့်​မည်။