ရှင်​မဿဲ​ခ​ရစ်​ဝင်

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28

Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 16 Myanmar Standard Bible (MSB)

နိ​မိတ်​လက္ခ​ဏာ​ကို​တောင်း​ဆို​ကြ​ခြင်း

1. ထို​အ​ခါ ဖာ​ရိ​ရှဲ​နှင့် ဇဒ္ဒု​ကဲ​တို့​သည် ကိုယ်​တော်​ကို​စမ်း​သပ်​လို​သ​ဖြင့် ချဉ်း​ကပ်​လာ​၍ ကောင်း​ကင်​မှ​နိ​မိတ်​လက္ခ​ဏာ​ကို ပြ​ပေး​ပါ​ရန် တောင်း​ဆို​ကြ​၏။

2. ကိုယ်​တော်​က​လည်း “[သင်​တို့​သည် ည​နေ​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ ‘မိုး​ကောင်း​ကင်​နီ​ရဲ​သည်​ဖြစ်​၍ ရာ​သီ​ဥ​တု​သာ​ယာ​လိမ့်​မည်’​ဟု ဆို​တတ်​ကြ​၏။

3. နံ​နက်​စော​စော​အ​ချိန်​တွင်​လည်း ‘မိုး​ကောင်း​ကင်​အုံ့​မှိုင်း​လျက်​နီ​ရဲ​သည်​ဖြစ်​၍ ယ​နေ့​မုန်​တိုင်း​လာ​လိမ့်​မည်’​ဟု ဆို​တတ်​ကြ​၏။ သင်​တို့​သည်​မိုး​ကောင်း​ကင်​၏​အ​သွင်​အ​ပြင်​ကို ပိုင်း​ခြား​၍​သိ​ကြ​သော်​လည်း အ​ချိန်​ကာ​လ​များ​၏​နိ​မိတ်​လက္ခ​ဏာ​များ​ကို​မူ ပိုင်း​ခြား​၍​မ​သိ​နိုင်​ကြ။]

4. ဆိုး​ညစ်​၍ ဖောက်​ပြန်​သော​မျိုး​ဆက်​သည် နိ​မိတ်​လက္ခ​ဏာ​ကို​တောင်း​ဆို​သော်​လည်း ယော​န​၏​နိ​မိတ်​လက္ခ​ဏာ​မှ​တစ်​ပါး မည်​သည့်​နိ​မိတ်​လက္ခ​ဏာ​ကို​မျှ ပြ​လိမ့်​မည်​မ​ဟုတ်”​ဟု ပြန်​၍​မိန့်​တော်​မူ​ပြီး​လျှင် သူ​တို့​ထံ​မှ ထွက်​ခွာ​သွား​တော်​မူ​၏။

ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒု​ကဲ​တို့​၏​တ​ဆေး

5. တ​ပည့်​တော်​တို့​သည် တစ်​ဖက်​ကမ်း​သို့​လာ​ကြ​သော​အ​ခါ မုန့်​ကို​ယူ​ဆောင်​လာ​ရန် မေ့​လျော့​ကြ​၏။

6. ထို​အ​ခါ ယေ​ရှု​က “ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒု​ကဲ​တို့​၏​တ​ဆေး​ကို အ​ထူး​သ​တိ​ထား​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

7. တ​ပည့်​တော်​တို့​က​လည်း “ငါ​တို့​မုန့်​မ​ယူ​ဆောင်​ခဲ့​သော​ကြောင့်​ဖြစ်​သည်”​ဟု အ​ချင်း​ချင်း​အ​ချေ​အ​တင်​ပြော​ဆို​ကြ​၏။

8. ထို​သို့​ပြော​ဆို​ကြ​သည်​ကို ယေ​ရှု​သိ​တော်​မူ​လျှင် “ယုံ​ကြည်​ခြင်း​အား​နည်း​သော​သူ​တို့၊ သင်​တို့​၌​မုန့်​မ​ပါ​ကြောင်း​ကို အ​ဘယ်​ကြောင့် အ​ချင်း​ချင်း​အ​ချေ​အ​တင်​ပြော​ဆို​ကြ​သ​နည်း။

9. သင်​တို့​နား​မ​လည်​ကြ​သေး​သ​လော။ မုန့်​ငါး​လုံး​ကို လူ​ငါး​ထောင်​စား​၍ ဘယ်​နှ​တောင်း​ကောက်​သိမ်း​ခဲ့​ရ​သည်​ကို​လည်း​ကောင်း၊

10. မုန့်​ခု​နစ်​လုံး​ကို လူ​လေး​ထောင်​စား​၍ ဘယ်​နှ​တောင်း​ကောက်​သိမ်း​ခဲ့​ရ​သည်​ကို​လည်း​ကောင်း မ​မှတ်​မိ​ကြ​သ​လော။

11. မုန့်​နှင့်​ပတ်​သက်​၍ သင်​တို့​အား ငါ​ပြော​သည်​မ​ဟုတ်​ကြောင်း​ကို အ​ဘယ်​ကြောင့် သင်​တို့​နား​မ​လည်​ကြ​သ​နည်း။ ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒု​ကဲ​တို့​၏​တ​ဆေး​ကို​မူ​ကား သ​တိ​ထား​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

12. ထို​အ​ခါ တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​က မုန့်​၏​တ​ဆေး​ကို​သ​တိ​ထား​ရန် မိန့်​တော်​မူ​သည်​မ​ဟုတ်​ဘဲ ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒု​ကဲ​တို့​၏​သွန်​သင်​ချက်​တို့​ကို​သ​တိ​ထား​ရန် မိန့်​တော်​မူ​ကြောင်း နား​လည်​ကြ​၏။

ယေ​ရှု​သည်​ခ​ရစ်​တော်​ဖြစ်​ကြောင်း ပေ​တ​ရု​ဝန်​ခံ​ခြင်း

13. ထို့​နောက် ယေ​ရှု​သည် ဆီ​ဇာ​ရီး​ယား​ဖိ​လိပ္ပိ​နယ်​မြေ​ဒေ​သ​များ​သို့ ရောက်​တော်​မူ​၏။ ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​အား “လူ​တို့​သည် လူ့​သား​ကို မည်​သူ​ဖြစ်​သည်​ဟု ဆို​ကြ​သ​နည်း”​ဟူ​၍ မေး​တော်​မူ​၏။

14. တ​ပည့်​တော်​တို့​က​လည်း “အ​ချို့​တို့​က ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဟု​ဆို​ကြ​၍ အ​ချို့​တို့​က ဧ​လိ​ယ​ဟု​ဆို​ကြ​ပါ​သည်။ အ​ချို့​တို့​က​လည်း ယေ​ရ​မိ သို့​မ​ဟုတ် ပ​ရော​ဖက်​များ​ထဲ​မှ တစ်​ပါး​ပါး​ဖြစ်​သည်​ဟု​ဆို​ကြ​ပါ​သည်”​ဟူ​၍ လျှောက်​ကြ​၏။

15. ယေ​ရှု​က “သင်​တို့​မူ​ကား ငါ့​ကို မည်​သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သ​နည်း”​ဟူ​၍ မေး​တော်​မူ​လျှင်

16. ရှိ​မုန်​ပေ​တ​ရု​က “ကိုယ်​တော်​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​သား​တော်​တည်း​ဟူ​သော ခ​ရစ်​တော်​ဖြစ်​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။

17. ထို​အ​ခါ ယေ​ရှု​က “ဗာ​ယော​န​ရှိ​မုန်၊ သင်​သည် မင်္ဂ​လာ​ရှိ​၏။ အ​ကြောင်း​မူ​ကား ဤ​အ​ရာ​ကို အ​သွေး​အ​သား​က သင့်​အား ဖွင့်​ပြ​သည်​မ​ဟုတ်​ဘဲ ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော​ငါ့​ခ​မည်း​တော်​က ဖွင့်​ပြ​တော်​မူ​၏။

18. သင့်​အား ငါ​ဆို​သည်​ကား သင်​သည် ပေ​တ​ရု​ဖြစ်​၏။ ဤ​ကျောက်​အ​ပေါ်​၌ ငါ​၏​အ​သင်း​တော်​ကို ငါ​တည်​ဆောက်​မည်။ မ​ရ​ဏာ​နိုင်​ငံ​၏​တံ​ခါး​တို့​သည်​လည်း ထို​အ​သင်း​တော်​ကို အ​နိုင်​ရ​ကြ​မည်​မ​ဟုတ်။

19. ကောင်း​ကင်​နိုင်​ငံ​တော်​၏​သော့​များ​ကို သင့်​အား ငါ​ပေး​မည်။ မြေ​ကြီး​ပေါ်​၌ သင်​ချည်​နှောင်​သ​မျှ​သည် ကောင်း​ကင်​ဘုံ​၌ ချည်​နှောင်​ခြင်း​ခံ​ရ​လျက်​ရှိ​လိမ့်​မည်။ မြေ​ကြီး​ပေါ်​၌ သင်​ဖြေ​လွှတ်​သ​မျှ​သည်​လည်း ကောင်း​ကင်​ဘုံ​၌ ဖြေ​လွှတ်​ခြင်း​ခံ​ရ​လျက်​ရှိ​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

20. ထို့​နောက် ကိုယ်​တော်​က မိ​မိ​သည်​ခ​ရစ်​တော်​ဖြစ်​ကြောင်း မည်​သူ့​ကို​မျှ​မ​ပြော​ရန် တ​ပည့်​တော်​တို့​အား မိန့်​မှာ​တော်​မူ​၏။

မိ​မိ​အ​သေ​ခံ​၍​ထ​မြောက်​မည့်​အ​ကြောင်း ကြို​တင်​မိန့်​တော်​မူ​ခြင်း

21. ထို​အ​ချိန်​မှ​စ​၍ ယေ​ရှု​က မိ​မိ​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​သွား​၍ သက်​ကြီး​ဝါ​ကြီး​များ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​၏​လက်​၌ ဒုက္ခ​ဝေ​ဒ​နာ​များ​စွာ​ခံ​စား​ရ​ပြီး အ​သေ​သတ်​ခြင်း​ခံ​ရ​ကာ သုံး​ရက်​မြောက်​သော​နေ့​၌ ထ​မြောက်​ရ​မည်​ဖြစ်​ကြောင်း​ကို တ​ပည့်​တော်​တို့​အား စ​တင်​ဖော်​ပြ​တော်​မူ​၏။

22. ထို​အ​ခါ ပေ​တ​ရု​သည် ကိုယ်​တော်​ကို ဘေး​ဘက်​သို့​ခေါ်​၍ ပြစ်​တင်​ပြော​ဆို​ကာ “သ​ခင်​ဘု​ရား၊ ဤ​အ​မှု​သည် ကိုယ်​တော်​နှင့်​လွဲ​ပါ​စေ၊ ဖယ်​ပါ​စေ။ ကိုယ်​တော်​၌ မည်​သည့်​အ​ခါ​မျှ ဤ​သို့​ဖြစ်​မည်​မ​ဟုတ်”​ဟု လျှောက်​လေ​၏။

23. သို့​သော် ကိုယ်​တော်​သည်​လှည့်​၍ ပေ​တ​ရု​အား “အ​ချင်း​စာ​တန်၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်​သည် ငါ့​အ​တွက် မှား​ယွင်း​စ​ရာ​အ​ကြောင်း​ဖြစ်​၏။ အ​ကြောင်း​မူ​ကား သင်​သည် ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို မ​စွဲ​လမ်း​ဘဲ လူ​တို့​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို​သာ စွဲ​လမ်း​၏”​ဟု မိန့်​တော်​မူ​၏။

မိ​မိ​၏​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​လော့

24. ထို့​နောက် ယေ​ရှု​က တ​ပည့်​တော်​တို့​အား “မည်​သူ​မ​ဆို ငါ့​နောက်​သို့​လိုက်​လို​လျှင် မိ​မိ​ကိုယ်​ကို​ငြင်း​ပယ်​ပြီး မိ​မိ​၏​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​လျက် ငါ့​နောက်​သို့​လိုက်​ရ​မည်။

25. အ​ကြောင်း​မှာ မိ​မိ​အ​သက်​ကို​ကယ်​တင်​လို​သော​သူ​သည် အ​သက်​ကို​ဆုံး​ရှုံး​ရ​လိမ့်​မည်။ ငါ့​အ​တွက် မိ​မိ​အ​သက်​ကို​ဆုံး​ရှုံး​ရ​သော​သူ​မူ​ကား အ​သက်​ကို​တွေ့​ရှိ​လိမ့်​မည်။

26. လူ​သည် ကမ္ဘာ​လော​က​တစ်​ခု​လုံး​ကို​ရ​ရှိ​သော်​လည်း မိ​မိ​အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး​လျှင် မည်​သည့်​အ​ကျိုး​ရှိ​မည်​နည်း။ တစ်​နည်း​အား​ဖြင့် လူ​သည် မည်​သည့်​အ​ရာ​ကို​ပေး​၍ မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို ပြန်​ရွေး​နိုင်​မည်​နည်း။

27. အ​ကြောင်း​မူ​ကား လူ့​သား​သည် မိ​မိ​၏​ကောင်း​ကင်​တ​မန်​များ​နှင့်​အ​တူ မိ​မိ​ခ​မည်း​တော်​၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​လျက် ကြွ​လာ​လိမ့်​မည်။ ထို​အ​ခါ လူ​အ​သီး​သီး​တို့​အား သူ​တို့​၏​လုပ်​ဆောင်​မှု​နှင့်​အ​ညီ အ​ကျိုး​အ​ပြစ်​ကို​ပေး​တော်​မူ​လိမ့်​မည်။

28. သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား ဤ​နေ​ရာ​၌​ရပ်​နေ​သော​သူ​တို့​တွင် လူ့​သား​သည် မိ​မိ​၏​နိုင်​ငံ​တော်​နှင့်​ကြွ​လာ​သည်​ကို​မ​မြင်​မီ သေ​ခြင်း​ကို မ​မြည်း​စမ်း​ရ​သော​သူ​အ​ချို့​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။