ထိုသူနှစ်ဦးတို့သည် ကိုယ်တော်ထံမှ ထွက်ခွာသွားကြစဉ် ပေတရုက “သခင်၊ ဤနေရာသည် အကျွန်ုပ်တို့အတွက် နေစရာကောင်းပါ၏။ တဲသုံးဆောင်ကို ကိုယ်တော်အတွက်တစ်ဆောင်၊ မောရှေအတွက်တစ်ဆောင်၊ ဧလိယအတွက်တစ်ဆောင် အကျွန်ုပ်တို့ဆောက်ပါရစေ”ဟု မိမိမည်သည့်အရာပြောဆိုနေသည်ကိုမသိဘဲ ယေရှုအား လျှောက်ထားလေ၏။