Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 23:9-12 Myanmar Standard Bible (MSB)

9. သို့​ဖြစ်​၍ သူ​သည် ကိုယ်​တော်​ကို​မေး​ခွန်း​များ​စွာ​မေး​လေ​၏။ သို့​သော် ကိုယ်​တော်​သည် မည်​သည့်​အ​ရာ​ကို​မျှ ဖြေ​ကြား​တော်​မ​မူ​ခဲ့​ချေ။

10. ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် ထ​၍ ကိုယ်​တော်​ကို​ပြင်း​ထန်​စွာ​စွပ်​စွဲ​ကြ​၏။

11. ဟေ​ရုဒ်​သည်​လည်း မိ​မိ​စစ်​သား​များ​နှင့်​အ​တူ ကိုယ်​တော်​ကို​မ​ထီ​မဲ့​မြင်​ပြု​လျက် ပြောင်​လှောင်​ကာ တင့်​တယ်​သော​ဝတ်​လုံ​ကို​ဝတ်​စေ​ပြီး​လျှင် ပိ​လတ်​မင်း​ထံ​သို့ ပြန်​ပို့​လေ​၏။

12. ဟေ​ရုဒ်​နှင့်​ပိ​လတ်​မင်း​တို့​သည် ယ​ခင်​က တစ်​ဦး​နှင့်​တစ်​ဦး​ရန်​ဘက်​ဖြစ်​ခဲ့​သော်​လည်း ထို​နေ့​တွင် မိတ်​ဆွေ​ဖြစ်​လာ​ကြ​၏။