49. ကိုယ်တော်ကိုသိကျွမ်းသောသူအပေါင်းတို့မှစ၍ ဂါလိလဲနယ်မှ ကိုယ်တော်၏နောက်သို့လိုက်လာကြသော အမျိုးသမီးတို့သည် အဝေးမှရပ်လျက် ဤအခြင်းအရာများကိုကြည့်နေကြ၏။
50. ထိုအချိန်အခါ၌ ဖြောင့်မတ်၍သူတော်ကောင်းဖြစ်သည့် ယောသပ်အမည်ရှိသော လွှတ်တော်အဖွဲ့ဝင်တစ်ဦးရှိ၏။
51. သူသည် လွှတ်တော်၏ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ချက်တို့ကို သဘောမတူခဲ့ပေ။ ယောသပ်သည် ယုဒပြည်၊ အရိမသဲမြို့သားဖြစ်ပြီး ဘုရားသခင်၏နိုင်ငံတော်ကို စောင့်မျှော်နေသူလည်းဖြစ်၏။
52. သူသည် ပိလတ်မင်းထံသို့သွား၍ ယေရှု၏အလောင်းတော်ကို တောင်းပြီးလျှင်
53. အလောင်းတော်ကို လက်ဝါးကပ်တိုင်ပေါ်မှချ၍ ပိတ်ချောဖြင့်ပတ်ရစ်ကာ မည်သူ့ကိုမျှမသင်္ဂြိုဟ်ရသေးသော ကျောက်သင်္ချိုင်းဂူထဲတွင် သွင်းထား၏။
54. ထိုနေ့ကား ပြင်ဆင်ရာနေ့ဖြစ်၍ ဥပုသ်နေ့သို့ကူးရန် နီးကပ်လာပြီဖြစ်၏။
55. ဂါလိလဲနယ်မှ ကိုယ်တော်နှင့်အတူပါလာသော အမျိုးသမီးများသည်လည်း နောက်မှလိုက်လာကြ၍ သင်္ချိုင်းတော်ကိုလည်းကောင်း၊ ကိုယ်တော်၏အလောင်းတော်ကို မည်သို့ထားကြသည်ကိုလည်းကောင်း တွေ့မြင်ကြ၏။
56. ထို့နောက် သူတို့သည်ပြန်သွား၍ ဆီမွှေးနှင့်အမွှေးနံ့သာတို့ကို ပြင်ဆင်ကြ၏။ ဥပုသ်နေ့၌ကား ပညတ်တော်အတိုင်း အနားယူကြ၏။