Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 23:36-41 Myanmar Standard Bible (MSB)

36. စစ်​သား​တို့​သည်​လည်း ကိုယ်​တော်​ကို​ပြောင်​လှောင်​ကြ​ပြီး ကိုယ်​တော်​ထံ​သို့​ချဉ်း​ကပ်​လျက် ဝိုင်​ချဉ်​ကို​တိုက်​ကာ

37. “သင်​သည် ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်​ဖြစ်​လျှင် သင့်​ကိုယ်​သင်​ကယ်​တင်​ပါ”​ဟု ဆို​ကြ​၏။

38. ကိုယ်​တော်​၏​အ​ပေါ်​ဘက်​၌​ကား “ဤ​သူ​သည် ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်​ဖြစ်​၏”​ဟူ​သော​ကမ္ပည်း​စာ​ကို​တပ်​ထား​၏။

39. ဆွဲ​ထား​ခြင်း​ခံ​ရ​သော​ရာ​ဇ​ဝတ်​သား​တို့​ထဲ​မှ တစ်​ဦး​သည်​လည်း ကိုယ်​တော်​ကို​စော်​ကား​လျက် “သင်​သည် ခ​ရစ်​တော်​မ​ဟုတ်​လော။ သင့်​ကိုယ်​သင်​ကယ်​တင်​၍ ငါ​တို့​ကို​လည်း​ကယ်​တင်​လော့”​ဟု ဆို​၏။

40. သို့​သော် အ​ခြား​တစ်​ဦး​သည် သူ့​ကို​ဆုံး​မ​၍ “သင်​သည် သူ​နှင့်​တူ​ညီ​သော​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​လျက်​ပင် ဘု​ရား​သ​ခင်​ကို​မ​ကြောက်​သ​လော။

41. ငါ​တို့​သည် ငါ​တို့​ပြု​ခဲ့​သည့်​အ​မှု​များ​နှင့် ထိုက်​သင့်​သော​ဒဏ်​ကို​ခံ​ရ​ကြ​သည်​ဖြစ်​၍ အ​မှန်​ပင်​တ​ရား​ပါ​သည်။ ဤ​အ​ရှင်​မူ​ကား မည်​သည့်​အ​ပြစ်​ကို​မျှ မ​ပြု​ခဲ့​ပါ”​ဟု ဆို​၏။