Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 23:16-22 Myanmar Standard Bible (MSB)

16. ထို့​ကြောင့် သူ့​ကို​ဆုံး​မ​ပြီး လွှတ်​လိုက်​မည်”​ဟု ဆို​၏။

17. [ထို​သို့​ဆို​ခြင်း​မှာ ပိ​လတ်​မင်း​သည် ပွဲ​တော်​တွင် လူ​တစ်​ဦး​ကို လွှတ်​ပေး​ရ​သော​ကြောင့်​ဖြစ်​၏။]

18. သို့​သော် သူ​တို့​က “ထို​သူ​ကို​သုတ်​သင်​လိုက်​ပါ။ အ​ကျွန်ုပ်​တို့​အ​တွက် ဗာ​ရဗ္ဗ​ကို​လွှတ်​ပေး​ပါ”​ဟု တစ်​ပြိုင်​တည်း​အော်​ဟစ်​ကြ​၏။

19. ဗာ​ရဗ္ဗ​သည် မြို့​ထဲ​တွင်​ဖြစ်​ခဲ့​သည့် ဆူ​ပူ​အုံ​ကြွ​မှု​နှင့် လူ​သတ်​မှု​တို့​ကြောင့် ထောင်​ထဲ​၌ ထည့်​ထား​ခြင်း​ခံ​ရ​သူ​ဖြစ်​၏။

20. ပိ​လတ်​မင်း​သည် ယေ​ရှု​ကို​လွှတ်​လို​၍ လူ​တို့​အား နောက်​တစ်​ဖန်​မိန့်​ကြား​လေ​၏။

21. သို့​သော် သူ​တို့​သည် “လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​လိုက်​ပါ။ သူ့​ကို​လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​လိုက်​ပါ”​ဟု အော်​ဟစ်​ကြ​၏။

22. ပိ​လတ်​မင်း​က​လည်း “အ​ဘယ်​ကြောင့်​နည်း။ ဤ​သူ​သည် မည်​သည့်​မ​ကောင်း​မှု​ကို​ပြု​ခဲ့​သ​နည်း။ ငါ​သည် သူ​၌ သေ​ထိုက်​သော​အ​ပြစ်​ကို​မ​တွေ့။ ထို့​ကြောင့် သူ့​ကို​ဆုံး​မ​ပြီး လွှတ်​လိုက်​မည်”​ဟု တ​တိ​ယ​အ​ကြိမ် သူ​တို့​အား ဆို​လေ​၏။