8. ထိုအခါ ယေရှုက “ငါသည်လည်း ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုကြောင်း သင်တို့ကိုမပြော”ဟု သူတို့အား မိန့်တော်မူ၏။
9. ထို့နောက် ကိုယ်တော်သည် လူတို့အား ဤပုံဥပမာကိုပေး၍မြွက်ဆိုတော်မူသည်မှာ “လူတစ်ဦးသည် စပျစ်ခြံကိုစိုက်ပျိုး၍ ခြံသမားတို့အားငှားရမ်းပြီးလျှင် ကာလအတန်ကြာခရီးထွက်လေ၏။
10. အသီးပေါ်ချိန်ရောက်သောအခါ စပျစ်ခြံထွက်အသီးအချို့ကိုမိမိအားပေးစေရန် အစေအပါးတစ်ဦးကို ခြံသမားတို့ထံသို့ စေလွှတ်လေ၏။ သို့သော် ခြံသမားတို့သည် ထိုအစေအပါးကိုရိုက်နှက်ကာ လက်ချည်းသက်သက်ပြန်လွှတ်ကြ၏။
11. တစ်ဖန် အခြားအစေအပါးတစ်ဦးကို ထပ်၍စေလွှတ်လေ၏။ သို့သော် သူ့ကိုလည်းရိုက်နှက်၍ အရှက်ခွဲပြီးလျှင် လက်ချည်းသက်သက်ပြန်လွှတ်ကြ၏။
12. နောက်တစ်ဖန် တတိယအစေအပါးကို ထပ်၍စေလွှတ်လေ၏။ သို့သော် ထိုအစေအပါးကိုလည်း အနာတရဖြစ်စေပြီးမှ နှင်ထုတ်ကြ၏။
13. ထိုအခါ စပျစ်ခြံပိုင်ရှင်က ‘ငါမည်သို့ပြုရမည်နည်း။ ငါ၏ချစ်သားကို ငါစေလွှတ်မည်။ သူတို့သည် သူ့ကိုရိုသေကောင်းရိုသေကြလိမ့်မည်’ဟု ဆို၏။