Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 20:11-13 Myanmar Standard Bible (MSB)

11. တစ်​ဖန် အ​ခြား​အ​စေ​အ​ပါး​တစ်​ဦး​ကို ထပ်​၍​စေ​လွှတ်​လေ​၏။ သို့​သော် သူ့​ကို​လည်း​ရိုက်​နှက်​၍ အ​ရှက်​ခွဲ​ပြီး​လျှင် လက်​ချည်း​သက်​သက်​ပြန်​လွှတ်​ကြ​၏။

12. နောက်​တစ်​ဖန် တ​တိ​ယ​အ​စေ​အ​ပါး​ကို ထပ်​၍​စေ​လွှတ်​လေ​၏။ သို့​သော် ထို​အ​စေ​အ​ပါး​ကို​လည်း အ​နာ​တ​ရ​ဖြစ်​စေ​ပြီး​မှ နှင်​ထုတ်​ကြ​၏။

13. ထို​အ​ခါ စ​ပျစ်​ခြံ​ပိုင်​ရှင်​က ‘ငါ​မည်​သို့​ပြု​ရ​မည်​နည်း။ ငါ​၏​ချစ်​သား​ကို ငါ​စေ​လွှတ်​မည်။ သူ​တို့​သည် သူ့​ကို​ရို​သေ​ကောင်း​ရို​သေ​ကြ​လိမ့်​မည်’​ဟု ဆို​၏။