Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 19:9-13 Myanmar Standard Bible (MSB)

9. ယေ​ရှု​က​လည်း “ယ​နေ့​ပင် ကယ်​တင်​ခြင်း​သည် ဤ​အိမ်​ပေါ်​သို့​သက်​ရောက်​လေ​ပြီ။ အ​ကြောင်း​မူ​ကား သူ​သည်​လည်း အာ​ဗြ​ဟံ​၏​သား​ဖြစ်​၏။

10. အ​မှန်​စင်​စစ် လူ့​သား​သည် ပျောက်​ဆုံး​သော​သူ​တို့​ကို​ရှာ​၍ ကယ်​တင်​ရန်​ကြွ​လာ​၏”​ဟု မိန့်​တော်​မူ​၏။

11. ကိုယ်​တော်​သည် ဤ​အ​ကြောင်း​အ​ရာ​တို့​ကို နား​ထောင်​နေ​သော​သူ​တို့​အား ပုံ​ဥ​ပ​မာ​တစ်​ခု​ကို​ထပ်​မံ​၍​ပေး​တော်​မူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ကိုယ်​တော်​သည် ဂျေ​ရု​ဆ​လင်​မြို့​အ​နီး​သို့​ရောက်​လာ​သ​ဖြင့် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် ချက်​ချင်း​ပေါ်​ထွန်း​လာ​မည်​ဟု သူ​တို့​ထင်​မှတ်​ကြ​သော​ကြောင့်​ဖြစ်​၏။

12. ကိုယ်​တော်​က “မြင့်​မြတ်​သော​ပုဂ္ဂိုလ်​တစ်​ဦး​သည် နိုင်​ငံ​တော်​အုပ်​စိုး​ခွင့်​ကို​ခံ​ယူ​ပြီး​ပြန်​လာ​ရန် ဝေး​လံ​သော​တိုင်း​ပြည်​သို့ ခ​ရီး​သွား​လေ​၏။

13. ခ​ရီး​မ​ပြု​မီ မိ​မိ​၏​အ​စေ​အ​ပါး​ဆယ်​ဦး​ကို​ခေါ်​၍ ငွေ​ဆယ်​မိ​နာ့​ပေး​လျက် ‘ငါ​ပြန်​လာ​သည်​အ​ထိ စီး​ပွား​ရှာ​ကြ​လော့’​ဟု မှာ​ထား​ခဲ့​၏။