Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 19:31-35 Myanmar Standard Bible (MSB)

31. တစ်​စုံ​တစ်​ယောက်​က ‘အ​ဘယ်​ကြောင့်​ကြိုး​ဖြေ​ကြ​သ​နည်း’​ဟု သင်​တို့​ကို မေး​လျှင် ‘သ​ခင်​ဘု​ရား​အ​လို​ရှိ​သည်’​ဟု ပြော​ကြ​လော့”​ဟူ​၍ မိန့်​တော်​မူ​၏။

32. စေ​လွှတ်​ခြင်း​ခံ​ရ​သော​သူ​တို့​သည်​လည်း ထွက်​သွား​၍ သူ​တို့​အား​ကိုယ်​တော်​မိန့်​တော်​မူ​သည့်​အ​တိုင်း တွေ့​မြင်​ကြ​၏။

33. သူ​တို့​သည် မြည်း​က​လေး​ကို​ကြိုး​ဖြေ​နေ​ကြ​စဉ် ၎င်း​၏​ပိုင်​ရှင်​တို့​က “အ​ဘယ်​ကြောင့် မြည်း​က​လေး​ကို​ကြိုး​ဖြေ​ကြ​သ​နည်း”​ဟု မေး​ကြ​၏။

34. သူ​တို့​က​လည်း “သ​ခင်​ဘု​ရား​အ​လို​ရှိ​သည်”​ဟု ဖြေ​ကြ​၏။

35. ထို့​နောက် မြည်း​က​လေး​ကို ယေ​ရှု​ထံ​သို့​ခေါ်​ဆောင်​လာ​ပြီး​လျှင် ၎င်း​ပေါ်​၌ သူ​တို့​၏​အ​ဝတ်​များ​ကို​ခင်း​၍ ယေ​ရှု​အား​စီး​စေ​ကြ​၏။