Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 19:1-7 Myanmar Standard Bible (MSB)

1. ထို့​နောက် ကိုယ်​တော်​သည် ဂျေ​ရိ​ခေါ​မြို့​သို့​ဝင်​၍ ထို​မြို့​ကို​ဖြတ်​သွား​တော်​မူ​၏။

2. ထို​အ​ရပ်​တွင် ဇက္ခဲ​အ​မည်​ရှိ​သော​လူ​တစ်​ဦး​ရှိ​၏။ သူ​သည် အ​ခွန်​ကောက်​ခံ​သူ​တို့​၏​အ​ကြီး​အ​ကဲ​ဖြစ်​ပြီး ချမ်း​သာ​သော​သူ​ဖြစ်​၏။

3. သူ​သည် ယေ​ရှု​မည်​သူ​ဖြစ်​သည်​ကို မြင်​ရ​ရန်​ကြိုး​စား​သော်​လည်း အ​ရပ်​ပု​သော​ကြောင့် လူ​ထု​ပ​ရိ​သတ်​ကို​ကျော်​၍ မ​မြင်​နိုင်​ပေ။

4. ထို့​ကြောင့် သူ​သည် ကိုယ်​တော်​ကို​တွေ့​မြင်​နိုင်​ရန် ရှေ့​သို့​ကြို​ပြေး​၍ သ​ဖန်း​ပိုး​စာ​ပင်​ပေါ်​သို့​တက်​လေ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ကိုယ်​တော်​သည် ထို​နေ​ရာ​ကို​ဖြတ်​သွား​တော့​မည်​ဖြစ်​၏။

5. ယေ​ရှု​သည် ထို​နေ​ရာ​သို့​ရောက်​သော​အ​ခါ မော့​ကြည့်​လျက် “ဇက္ခဲ၊ သင့်​အိမ်​တွင် ယ​နေ့ ငါ​တည်း​ခို​ရ​မည်​ဖြစ်​၍ အ​မြန်​ဆင်း​ခဲ့​လော့”​ဟု မိန့်​တော်​မူ​၏။

6. ဇက္ခဲ​သည်​အ​မြန်​ဆင်း​လာ​၍ ကိုယ်​တော်​ကို ဝမ်း​မြောက်​စွာ လက်​ခံ​ကြို​ဆို​၏။

7. ဤ​အ​ခြင်း​အ​ရာ​ကို မြင်​သော​သူ​အ​ပေါင်း​တို့​က “ကိုယ်​တော်​သည် အ​ပြစ်​သား​၏​အိမ်​သို့​ဝင်​၍​တည်း​ခို​ပါ​သည်​တ​ကား”​ဟု ဝေ​ဖန်​ပြစ်​တင်​ကြ​၏။