Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 15:21-23 Myanmar Standard Bible (MSB)

21. သား​က​လည်း ‘အ​ဖေ၊ အ​ကျွန်ုပ်​သည် ကောင်း​ကင်​ကို​လည်း​ကောင်း၊ အ​ဖေ့​ကို​လည်း​ကောင်း ပြစ်​မှား​ခဲ့​ပါ​ပြီ။ အ​ကျွန်ုပ်​သည် အ​ဖေ​၏​သား​ဟူ​၍​အ​ခေါ်​ခံ​ရန် မ​ထိုက်​တန်​တော့​ပါ’​ဟု ဆို​၏။

22. သို့​သော် ဖ​ခင်​သည် မိ​မိ​အ​စေ​အ​ပါး​တို့​အား ‘အ​ကောင်း​ဆုံး​သော​ဝတ်​လုံ​ကို အ​မြန်​ယူ​ခဲ့​၍ သူ့​ကို​ဝတ်​ပေး​ကြ​လော့။ လက်​၌ လက်​စွပ်​ကို​စွပ်​ပေး​၍ ခြေ​၌ ဖိ​နပ်​ကို​စီး​စေ​ကြ​လော့။

23. ဆူ​ဖြိုး​သော​နွား​သ​ငယ်​ကို​လည်း​ဆွဲ​လာ​၍ သတ်​ကြ​လော့။ ငါ​တို့​သည် ပျော်​ရွှင်​စွာ​စား​ကြ​စို့။