26. ထိုအခါ သင်တို့က ‘အကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူစားသောက်ခဲ့ကြပါ၏။ ကိုယ်တော်သည်လည်း အကျွန်ုပ်တို့၏လမ်းမပေါ်တွင် သွန်သင်ပေးခဲ့ပါ၏’ဟု လျှောက်ကြလိမ့်မည်။
27. သို့သော် သခင်က ‘သင်တို့သည် အဘယ်ကလာကြသည်ကို ငါမသိ။ မတရားမှုကိုပြုသောသူအပေါင်းတို့၊ ငါ့ထံမှထွက်သွားကြလော့’ဟု သင်တို့အားဆိုလိမ့်မည်။
28. ထိုအခါ အာဗြဟံ၊ ဣဇက်၊ ယာကုပ်နှင့် ပရောဖက်အပေါင်းတို့သည် ဘုရားသခင်၏နိုင်ငံတော်ထဲ၌ရှိကြသည်ကို သင်တို့မြင်ရကြသော်လည်း သင်တို့ကိုယ်တိုင်မူကား အပြင်သို့ နှင်ထုတ်ခြင်းခံရသဖြင့် ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိကြလိမ့်မည်။
29. တစ်ဖန် လူတို့သည် အရှေ့အရပ်နှင့် အနောက်အရပ်တို့မှလည်းကောင်း၊ တောင်အရပ်နှင့် မြောက်အရပ်တို့မှလည်းကောင်း လာ၍ ဘုရားသခင်၏နိုင်ငံတော်တွင် စားသောက်ပွဲ၌ထိုင်ကြလိမ့်မည်။
30. အဦးဆုံးဖြစ်မည့် နောက်ဆုံးသောသူများရှိကြ၏။ နောက်ဆုံးဖြစ်မည့် အဦးဆုံးသောသူများလည်းရှိကြ၏”ဟု မိန့်တော်မူ၏။
31. ထိုအချိန်၌ ဖာရိရှဲအချို့တို့သည် ကိုယ်တော်ထံသို့လာ၍ “ဟေရုဒ်သည် သင့်ကိုသတ်လိုသည်ဖြစ်၍ ဤအရပ်မှ ထွက်သွားပါ”ဟု လျှောက်ကြ၏။
32. ကိုယ်တော်ကလည်း “သွား၍ ထိုမြေခွေးကိုပြောကြလော့။ ငါသည် ယနေ့နှင့်မနက်ဖြန် နတ်ဆိုးတို့ကိုနှင်ထုတ်၍ အနာရောဂါများကိုငြိမ်းစေပြီး သုံးရက်မြောက်သောနေ့၌ အမှုကိုပြီးမြောက်စေမည်။
33. သို့ရာတွင် ငါသည် ယနေ့၊ မနက်ဖြန်နှင့် နောက်တစ်နေ့တို့၌ ခရီးသွားရဦးမည်။ အကြောင်းမူကား ပရောဖက်သည် ဂျေရုဆလင်မြို့မှတစ်ပါး အခြားအရပ်၌ သေရသည်ဟူ၍မရှိနိုင်။