Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 13:1-4 Myanmar Standard Bible (MSB)

1. ထို​အ​ချိန်​၌​ပင် လူ​အ​ချို့​တို့​သည်​ရောက်​လာ​၍ ပိ​လတ်​မင်း​သည် ဂါ​လိ​လဲ​နယ်​သား​အ​ချို့​တို့​၏​သွေး​ကို သူ​တို့​ပူ​ဇော်​သော​ယဇ်​များ​နှင့်​ရော​နှော​ခဲ့​ကြောင်း ကိုယ်​တော်​အား​ကြား​လျှောက်​ကြ​၏။

2. ကိုယ်​တော်​က​လည်း “ထို​ဂါ​လိ​လဲ​နယ်​သား​တို့​သည် ထို​သို့​သော​ဒုက္ခ​ဝေ​ဒ​နာ​ကို​ခံ​စား​ကြ​ရ​သော​ကြောင့် အ​ခြား​ဂါ​လိ​လဲ​နယ်​သား​အား​လုံး​တို့​ထက် အ​ပြစ်​များ​သည်​ဟု သင်​တို့​ထင်​ကြ​သ​လော။

3. ထို​သို့​မ​ဟုတ်​ပေ။ သင်​တို့​အား ငါ​ဆို​သည်​ကား သင်​တို့​အား​လုံး​သည်​လည်း နောင်​တ​မ​ရ​လျှင် ထို​နည်း​တူ​ပျက်​စီး​ကြ​လိမ့်​မည်။

4. ထို့​ပြင် ရှိ​လောင်​မျှော်​စင်​ပြို​ကျ​သ​ဖြင့် ပိ​မိ​၍​သေ​ဆုံး​သော​သူ​တစ်​ဆယ့်​ရှစ်​ယောက်​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​တွင် နေ​ထိုင်​ကြ​သော​အ​ခြား​သူ​အား​လုံး​တို့​ထက် အ​ပြစ်​များ​သည်​ဟု သင်​တို့​ထင်​ကြ​သ​လော။