Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 13:1-11 Myanmar Standard Bible (MSB)

1. ထို​အ​ချိန်​၌​ပင် လူ​အ​ချို့​တို့​သည်​ရောက်​လာ​၍ ပိ​လတ်​မင်း​သည် ဂါ​လိ​လဲ​နယ်​သား​အ​ချို့​တို့​၏​သွေး​ကို သူ​တို့​ပူ​ဇော်​သော​ယဇ်​များ​နှင့်​ရော​နှော​ခဲ့​ကြောင်း ကိုယ်​တော်​အား​ကြား​လျှောက်​ကြ​၏။

2. ကိုယ်​တော်​က​လည်း “ထို​ဂါ​လိ​လဲ​နယ်​သား​တို့​သည် ထို​သို့​သော​ဒုက္ခ​ဝေ​ဒ​နာ​ကို​ခံ​စား​ကြ​ရ​သော​ကြောင့် အ​ခြား​ဂါ​လိ​လဲ​နယ်​သား​အား​လုံး​တို့​ထက် အ​ပြစ်​များ​သည်​ဟု သင်​တို့​ထင်​ကြ​သ​လော။

3. ထို​သို့​မ​ဟုတ်​ပေ။ သင်​တို့​အား ငါ​ဆို​သည်​ကား သင်​တို့​အား​လုံး​သည်​လည်း နောင်​တ​မ​ရ​လျှင် ထို​နည်း​တူ​ပျက်​စီး​ကြ​လိမ့်​မည်။

4. ထို့​ပြင် ရှိ​လောင်​မျှော်​စင်​ပြို​ကျ​သ​ဖြင့် ပိ​မိ​၍​သေ​ဆုံး​သော​သူ​တစ်​ဆယ့်​ရှစ်​ယောက်​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​တွင် နေ​ထိုင်​ကြ​သော​အ​ခြား​သူ​အား​လုံး​တို့​ထက် အ​ပြစ်​များ​သည်​ဟု သင်​တို့​ထင်​ကြ​သ​လော။

5. ထို​သို့​မ​ဟုတ်​ပေ။ သင်​တို့​အား ငါ​ဆို​သည်​ကား သင်​တို့​အား​လုံး​သည်​လည်း နောင်​တ​မ​ရ​လျှင် ထို​နည်း​တူ​ပျက်​စီး​ကြ​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

6. ထို့​နောက် ကိုယ်​တော်​သည် ဤ​ပုံ​ဥ​ပ​မာ​ကို​ပေး​၍ မြွက်​ဆို​တော်​မူ​သည်​မှာ “လူ​တစ်​ဦး​တွင် မိ​မိ​စ​ပျစ်​ခြံ​ထဲ​၌​စိုက်​ထား​သော သ​ဖန်း​ပင်​တစ်​ပင်​ရှိ​၏။ သူ​သည် ထို​အ​ပင်​၌ အ​သီး​ကို​လာ​ရှာ​သော်​လည်း​မ​တွေ့​ရ​ချေ။

7. ထို​အ​ခါ သူ​သည် ဥ​ယျာဉ်​မှူး​အား ‘ကြည့်​လော့။ ငါ​သည် သုံး​နှစ်​တိုင်​တိုင် ဤ​သ​ဖန်း​ပင်​အ​ပေါ်​၌ အ​သီး​ကို​လာ​ရှာ​သော်​လည်း​မ​တွေ့​ရ။ ဤ​သ​ဖန်း​ပင်​ကို​ခုတ်​ပစ်​လော့။ အ​ဘယ်​ကြောင့် မြေ​ကို အ​ကျိုး​မဲ့​ဖြစ်​စေ​မည်​နည်း’​ဟု ဆို​၏။

8. သို့​သော် ဥ​ယျာဉ်​မှူး​က ‘သ​ခင်၊ ဤ​အ​ပင်​ကို ယ​ခု​နှစ်​လည်း​ထား​ပါ​ဦး။ အ​ပင်​ပတ်​လည်​ကို အ​ကျွန်ုပ်​တူး​ဆွ​၍ မြေ​သြ​ဇာ​ထည့်​ပါ​ဦး​မည်။

9. ထို​သို့​ပြု​လျှင် နောက်​နှစ်​တွင် အ​သီး သီး​ကောင်း​သီး​ပါ​လိမ့်​မည်။ အ​ကယ်​၍ မ​သီး​ပါ​က ခုတ်​ပစ်​နိုင်​ပါ​သည်’​ဟု ပြန်​လျှောက်​၏”​ဟူ​၍ မိန့်​တော်​မူ​၏။

10. ကိုယ်​တော်​သည် ဥ​ပုသ်​နေ့​၌ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တစ်​ကျောင်း​တွင် သွန်​သင်​လျက်​နေ​တော်​မူ​၏။

11. ထို​အ​ခါ တစ်​ဆယ့်​ရှစ်​နှစ်​ပတ်​လုံး နာ​မ​ကျန်း​ဖြစ်​စေ​သော​နတ်​ပူး​သ​ဖြင့် ခါး​ကုန်း​လျက် လုံး​ဝ​တည့်​မတ်​စွာ​မ​ရပ်​နိုင်​သော​အ​မျိုး​သ​မီး​တစ်​ဦး​ရှိ​၏။