Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 24:4-11 Myanmar Standard Bible (MSB)

4. ယေ​ရှု​က​လည်း “မည်​သူ​မျှ သင်​တို့​ကို​မ​လှည့်​ဖြား​စေ​ရန် သ​တိ​ပြု​ကြ​လော့။

5. အ​ကြောင်း​မူ​ကား များ​စွာ​သော​သူ​တို့​သည် ငါ​၏​နာ​မ​ကို​ခံ​ယူ​သုံး​စွဲ​၍ ရောက်​လာ​ကာ ‘ငါ​သည်​ခ​ရစ်​တော်​ဖြစ်​၏’​ဟု ဆို​ကြ​ပြီး လူ​အ​မြောက်​အ​မြား​တို့​ကို လှည့်​ဖြား​ကြ​လိမ့်​မည်။

6. စစ်​ပွဲ​များ​အ​ကြောင်း​နှင့် စစ်​မက်​သ​တင်း​တို့​ကို​လည်း သင်​တို့​ကြား​ကြ​လိမ့်​မည်။ သ​တိ​ပြု​လျက် စိုး​ရိမ်​ထိတ်​လန့်​ခြင်း​မ​ရှိ​ကြ​နှင့်။ အ​ကြောင်း​မူ​ကား ထို​အ​ရာ​များ​သည်​ဖြစ်​ပျက်​ရ​မည်။ သို့​သော် အ​ဆုံး​သည်​မ​ရောက်​သေး။

7. လူ​မျိုး​တစ်​မျိုး​နှင့်​တစ်​မျိုး၊ နိုင်​ငံ​တစ်​နိုင်​ငံ​နှင့်​တစ်​နိုင်​ငံ​တို့​သည် ရန်​ဘက်​ပြု​ကြ​၍ အ​ရပ်​ရပ်​တို့​၌ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​နှင့် င​လျင်​လှုပ်​ခြင်း​များ​ဖြစ်​ကြ​လိမ့်​မည်။

8. ဤ​အ​ရာ​အား​လုံး​တို့​သည် သား​ဖွား​ခြင်း​ဝေ​ဒ​နာ​၏​အ​စ​ဖြစ်​၏။

9. ထို့​နောက် လူ​တို့​သည် သင်​တို့​ကို​နှိပ်​စက်​ရန် အပ်​နှံ​၍ သင်​တို့​ကို သတ်​ဖြတ်​ကြ​လိမ့်​မည်။ သင်​တို့​သည် ငါ့​နာ​မ​ကြောင့် လူ​မျိုး​တ​ကာ​တို့​၏​မုန်း​တီး​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

10. ထို​ကာ​လ​၌ များ​စွာ​သော​လူ​တို့​သည် စိတ်​ပျက်​ကြ​၍ အ​ချင်း​ချင်း​အပ်​နှံ​လျက် အ​ချင်း​ချင်း​မုန်း​တီး​ကြ​လိမ့်​မည်။

11. များ​စွာ​သော​ပ​ရော​ဖက်​အ​တု​အ​ယောင်​တို့​သည် ပေါ်​လာ​၍ လူ​အ​မြောက်​အ​မြား​တို့​ကို လှည့်​ဖြား​ကြ​လိမ့်​မည်။