Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 24:24-44 Myanmar Standard Bible (MSB)

24. အ​ကြောင်း​မူ​ကား ခ​ရစ်​တော်​အ​တု​အ​ယောင်​များ​နှင့် ပ​ရော​ဖက်​အ​တု​အ​ယောင်​များ​ပေါ်​လာ​၍ ဖြစ်​နိုင်​လျှင် ရွေး​ကောက်​ခံ​ရ​သော​သူ​တို့​ကို​ပင် လှည့်​ဖြား​ရန် ကြီး​မား​သော​နိ​မိတ်​လက္ခ​ဏာ​များ​နှင့် အံ့​ဩ​ဖွယ်​ရာ​များ​ကို ပြု​ကြ​လိမ့်​မည်။

25. နား​ထောင်​ကြ​လော့။ သင်​တို့​အား ငါ​ကြို​တင်​ပြော​ထား​ပြီ။

26. ထို့​ကြောင့် လူ​တို့​က ‘ကြည့်​လော့။ ကိုယ်​တော်​သည် တော​ကန္တာ​ရ​၌​ရှိ​သည်’​ဟု ပြော​လျှင်​လည်း ထွက်​မ​သွား​ကြ​နှင့်။ ‘ကြည့်​လော့။ အိမ်​အ​တွင်း​ခန်း​ထဲ​၌​ရှိ​သည်’​ဟု ပြော​လျှင်​လည်း မ​ယုံ​ကြ​နှင့်။

27. အ​ကြောင်း​မူ​ကား လျှပ်​စီး​သည် အ​ရှေ့​အ​ရပ်​မှ​လက်​ပြီး အ​နောက်​အ​ရပ်​တိုင်​အောင် ထွန်း​လင်း​သ​ကဲ့​သို့ လူ့​သား​၏​ကြွ​လာ​ခြင်း​သည်​လည်း ထို​နည်း​တူ​ဖြစ်​လိမ့်​မည်။

28. အ​သေ​ကောင်​ရှိ​ရာ​အ​ရပ်​၌ လင်း​တ​တို့​သည် စု​ဝေး​ကြ​လိမ့်​မည်။

29. ထို​နေ့​ရက်​တို့​၏​ဆင်း​ရဲ​ဒုက္ခ​ပြီး​ဆုံး​သည်​နှင့် ချက်​ချင်း​ပင် နေ​သည် မှောင်​မည်း​သွား​၍ လ​သည်​လည်း မိ​မိ​၏​အ​လင်း​ရောင်​ကို​မ​ပေး​ဘဲ​နေ​လိမ့်​မည်။ ကြယ်​တို့​သည်​လည်း ကောင်း​ကင်​မှ​ကြွေ​ကျ​ကာ အာ​ကာ​သ​ကောင်း​ကင်​၏​စွမ်း​အား​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။

30. ထို့​နောက် လူ့​သား​၏​နိ​မိတ်​လက္ခ​ဏာ​သည် ကောင်း​ကင်​၌ ထင်​ရှား​လိမ့်​မည်။ ထို​အ​ခါ ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ လူ​မျိုး​နွယ်​စု​အား​လုံး​တို့​သည် ရင်​ဘတ်​စည်​တီး​လျက် မြည်​တမ်း​ကာ လူ့​သား​သည် တန်​ခိုး​နှင့်​ကြီး​မား​သော​ဘုန်း​အ​သ​ရေ​တို့​ဖြင့် ကောင်း​ကင်​မှ မိုး​တိမ်​များ​စီး​လျက် ကြွ​လာ​သည်​ကို မြင်​ရ​ကြ​လိမ့်​မည်။

31. ထို့​နောက် လူ့​သား​သည် ကျယ်​လောင်​သော​တံ​ပိုး​မှုတ်​သံ​နှင့်​အ​တူ မိ​မိ​၏​ကောင်း​ကင်​တ​မန်​တို့​ကို​စေ​လွှတ်​သ​ဖြင့် သူ​တို့​သည် ကိုယ်​တော်​ရွေး​ကောက်​ထား​သော​သူ​တို့​ကို ကောင်း​ကင်​အ​စွန်း​တစ်​ဖက်​မှ အ​ခြား​အ​စွန်း​တစ်​ဖက်​တိုင်​အောင် အ​ရပ်​လေး​မျက်​နှာ​မှ စု​စည်း​ကြ​လိမ့်​မည်။

32. သ​ဖန်း​ပင်​မှ ပုံ​ဥ​ပ​မာ​ကို သင်​ယူ​ကြ​လော့။ ၎င်း​၏​အ​ကိုင်း​အ​ခက်​သည်​နု​လာ​ပြီး အ​ရွက်​များ​ထွက်​လာ​သော​အ​ခါ နွေ​ရာ​သီ​နီး​ပြီ​ဖြစ်​ကြောင်း သင်​တို့​သိ​ကြ​၏။

33. ထို​နည်း​တူ သင်​တို့​သည်​လည်း ဤ​အ​ရာ​အား​လုံး​ကို​မြင်​ရ​သော​အ​ခါ လူ့​သား​သည် တံ​ခါး​ဝ​အ​နီး​သို့ ရောက်​ရှိ​နေ​ပြီ​ဖြစ်​ကြောင်း သိ​မှတ်​ကြ​လော့။

34. သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား ဤ​အ​ရာ​အား​လုံး​မ​ဖြစ်​ပျက်​မီ​တိုင်​အောင် ဤ​မျိုး​ဆက်​သည် လုံး​ဝ​မ​ကွယ်​ပျောက်​ရာ။

35. ကောင်း​ကင်​နှင့်​မြေ​ကြီး​သည် ကွယ်​ပျောက်​သွား​လိမ့်​မည်။ ငါ့​စ​ကား​မူ​ကား မည်​သည့်​အ​ခါ​မျှ ကွယ်​ပျောက်​လိမ့်​မည်​မ​ဟုတ်။

36. ထို​နေ့​ရက်၊ ထို​အ​ချိန်​နာ​ရီ​နှင့်​ပတ်​သက်​၍​မူ​ကား ခ​မည်း​တော်​တစ်​ပါး​တည်း​မှ​လွဲ​၍ မည်​သူ​မျှ​မ​သိ။ ကောင်း​ကင်​ဘုံ​ရှိ​ကောင်း​ကင်​တ​မန်​များ​လည်း​မ​သိ။ သား​တော်​လည်း​မ​သိ။

37. လူ့​သား​၏​ကြွ​လာ​ခြင်း​သည် နော​ဧ​၏​နေ့​ရက်​များ​ကဲ့​သို့​ဖြစ်​လိမ့်​မည်။

38. မည်​သို့​နည်း​ဟူ​မူ​ကား ရေ​မ​လွှမ်း​မိုး​မီ​ကာ​လ​၌ နော​ဧ​သည် သင်္ဘော​ထဲ​သို့ ဝင်​သည့်​နေ့​တိုင်​အောင် လူ​တို့​သည် စား​သောက်​လျက်၊ ထိမ်း​မြား​စုံ​ဖက်​လျက်၊ ပေး​စား​ဆောင်​နှင်း​လျက်​နေ​၍

39. ရေ​လွှမ်း​မိုး​ခြင်း​ရောက်​လာ​ပြီး သူ​တို့​အား​လုံး​ကို ဖယ်​ရှား​သုတ်​သင်​သည့်​တိုင်​အောင် သ​တိ​ကင်း​မဲ့​လျက်​နေ​ကြ​၏။ လူ့​သား​ကြွ​လာ​သော​အ​ခါ​၌​လည်း ထို​နည်း​တူ​ဖြစ်​လိမ့်​မည်။

40. ထို​အ​ခါ လယ်​၌​ရှိ​သော​လူ​နှစ်​ဦး​တို့​တွင် တစ်​ဦး​သည် ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​၍ တစ်​ဦး​သည် ကျန်​ရစ်​ရ​လိမ့်​မည်။

41. ကြိတ်​ဆုံ​ကြိတ်​နေ​သော အ​မျိုး​သ​မီး​နှစ်​ဦး​တို့​တွင် တစ်​ဦး​သည် ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​၍ တစ်​ဦး​သည် ကျန်​ရစ်​ရ​လိမ့်​မည်။

42. သို့​ဖြစ်​၍ သ​တိ​နှင့်​စောင့်​နေ​ကြ​လော့။ သင်​တို့​သ​ခင်​သည် မည်​သည့်​နေ့​ရက်​၌​ကြွ​လာ​မည်​ကို သင်​တို့​မ​သိ​ကြ။

43. အိမ်​ရှင်​သည် သူ​ခိုး​လာ​မည့်​အ​ချိန်​ကို​သိ​ထား​လျှင် သ​တိ​နှင့်​စောင့်​နေ​လျက် မိ​မိ​အိမ်​ကို​ဖောက်​ထွင်း​ခွင့်​ပြု​မည်​မ​ဟုတ်​ကြောင်း သိ​မှတ်​ကြ​လော့။

44. ထို့​ကြောင့် လူ့​သား​သည် သင်​တို့​မ​ထင်​မှတ်​သော​အ​ချိန်​၌ ကြွ​လာ​မည်​ဖြစ်​၍ သင်​တို့​သည်​လည်း အ​သင့်​ရှိ​နေ​ကြ​လော့။