Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 24:23-29 Myanmar Standard Bible (MSB)

23. ထို​အ​ခါ တစ်​စုံ​တစ်​ယောက်​က သင်​တို့​အား ‘ကြည့်​လော့။ ခ​ရစ်​တော်​သည် ဤ​အ​ရပ်​၌​ရှိ​၏’ သို့​မ​ဟုတ် ‘ထို​အ​ရပ်​၌​ရှိ​၏’​ဟု ဆို​လျှင်​လည်း မ​ယုံ​ကြ​နှင့်။

24. အ​ကြောင်း​မူ​ကား ခ​ရစ်​တော်​အ​တု​အ​ယောင်​များ​နှင့် ပ​ရော​ဖက်​အ​တု​အ​ယောင်​များ​ပေါ်​လာ​၍ ဖြစ်​နိုင်​လျှင် ရွေး​ကောက်​ခံ​ရ​သော​သူ​တို့​ကို​ပင် လှည့်​ဖြား​ရန် ကြီး​မား​သော​နိ​မိတ်​လက္ခ​ဏာ​များ​နှင့် အံ့​ဩ​ဖွယ်​ရာ​များ​ကို ပြု​ကြ​လိမ့်​မည်။

25. နား​ထောင်​ကြ​လော့။ သင်​တို့​အား ငါ​ကြို​တင်​ပြော​ထား​ပြီ။

26. ထို့​ကြောင့် လူ​တို့​က ‘ကြည့်​လော့။ ကိုယ်​တော်​သည် တော​ကန္တာ​ရ​၌​ရှိ​သည်’​ဟု ပြော​လျှင်​လည်း ထွက်​မ​သွား​ကြ​နှင့်။ ‘ကြည့်​လော့။ အိမ်​အ​တွင်း​ခန်း​ထဲ​၌​ရှိ​သည်’​ဟု ပြော​လျှင်​လည်း မ​ယုံ​ကြ​နှင့်။

27. အ​ကြောင်း​မူ​ကား လျှပ်​စီး​သည် အ​ရှေ့​အ​ရပ်​မှ​လက်​ပြီး အ​နောက်​အ​ရပ်​တိုင်​အောင် ထွန်း​လင်း​သ​ကဲ့​သို့ လူ့​သား​၏​ကြွ​လာ​ခြင်း​သည်​လည်း ထို​နည်း​တူ​ဖြစ်​လိမ့်​မည်။

28. အ​သေ​ကောင်​ရှိ​ရာ​အ​ရပ်​၌ လင်း​တ​တို့​သည် စု​ဝေး​ကြ​လိမ့်​မည်။

29. ထို​နေ့​ရက်​တို့​၏​ဆင်း​ရဲ​ဒုက္ခ​ပြီး​ဆုံး​သည်​နှင့် ချက်​ချင်း​ပင် နေ​သည် မှောင်​မည်း​သွား​၍ လ​သည်​လည်း မိ​မိ​၏​အ​လင်း​ရောင်​ကို​မ​ပေး​ဘဲ​နေ​လိမ့်​မည်။ ကြယ်​တို့​သည်​လည်း ကောင်း​ကင်​မှ​ကြွေ​ကျ​ကာ အာ​ကာ​သ​ကောင်း​ကင်​၏​စွမ်း​အား​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။