Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 24:19-23 Myanmar Standard Bible (MSB)

19. ထို​နေ့​ရက်​တို့​၌ ကိုယ်​ဝန်​ဆောင်​အ​မျိုး​သ​မီး​များ​နှင့် နို့​စို့​က​လေး​ငယ်​ရှိ​သော​မိ​ခင်​များ​သည် စိတ်​မ​ချမ်း​မြေ့​ဖွယ်​ဖြစ်​ကြ​လိမ့်​မည်။

20. သင်​တို့​ထွက်​ပြေး​ရ​မည့်​အ​ချိန်​သည် ဆောင်း​ရာ​သီ​နှင့်​ဥ​ပုသ်​နေ့​တို့​မ​ဖြစ်​စေ​ရန် ဆု​တောင်း​ကြ​လော့။

21. အ​ကြောင်း​မူ​ကား ကမ္ဘာ​ဦး​မှ​စ​၍ ယ​ခု​တိုင်​အောင် မ​ဖြစ်​စ​ဖူး၊ နောင်​တွင်​လည်း လုံး​ဝ​ဖြစ်​မည်​မ​ဟုတ်​သော ကြီး​မား​သည့် ဆင်း​ရဲ​ဒုက္ခ​မျိုး​သည် ထို​ကာ​လ​၌ ကျ​ရောက်​လိမ့်​မည်။

22. ထို​နေ့​ရက်​တို့​ကို တို​တောင်း​စေ​တော်​မ​မူ​လျှင် မည်​သူ​မျှ​လွတ်​နိုင်​မည်​မ​ဟုတ်။ သို့​သော် ရွေး​ကောက်​ခံ​ရ​သော​သူ​တို့​အ​တွက် ထို​နေ့​ရက်​တို့​ကို တို​တောင်း​စေ​တော်​မူ​လိမ့်​မည်။

23. ထို​အ​ခါ တစ်​စုံ​တစ်​ယောက်​က သင်​တို့​အား ‘ကြည့်​လော့။ ခ​ရစ်​တော်​သည် ဤ​အ​ရပ်​၌​ရှိ​၏’ သို့​မ​ဟုတ် ‘ထို​အ​ရပ်​၌​ရှိ​၏’​ဟု ဆို​လျှင်​လည်း မ​ယုံ​ကြ​နှင့်။