Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 24:15-30 Myanmar Standard Bible (MSB)

15. ထို့​ကြောင့် ပ​ရော​ဖက်​ဒံ​ယေ​လ​အား​ဖြင့် မိန့်​တော်​မူ​ခဲ့​သည့် ပျက်​စီး​ဆိတ်​သုဉ်း​ခြင်း​နှင့်​ဆိုင်​သော​ရွံ​ရှာ​ဖွယ်​အ​ရာ​သည် သန့်​ရှင်း​သော​နေ​ရာ​၌ ရပ်​နေ​သည်​ကို သင်​တို့​မြင်​ကြ​သော​အ​ခါ (ဖတ်​သော​သူ​နား​လည်​ပါ​စေ)

16. ယု​ဒ​နယ်​၌​ရှိ​သော​သူ​တို့​သည် တောင်​များ​ပေါ်​သို့ ထွက်​ပြေး​ကြ​စေ။

17. လေ​သာ​ဆောင်​ပေါ်​၌​ရှိ​သော​သူ​သည် မိ​မိ​အိမ်​ထဲ​မှ ပစ္စည်း​များ​ကို​ယူ​ရန် အောက်​သို့​မ​ဆင်း​စေ​နှင့်။

18. လယ်​၌​ရှိ​သော​သူ​သည်​လည်း မိ​မိ​၏​ဝတ်​ရုံ​ကို​ယူ​ရန် နောက်​သို့​ပြန်​မ​လှည့်​စေ​နှင့်။

19. ထို​နေ့​ရက်​တို့​၌ ကိုယ်​ဝန်​ဆောင်​အ​မျိုး​သ​မီး​များ​နှင့် နို့​စို့​က​လေး​ငယ်​ရှိ​သော​မိ​ခင်​များ​သည် စိတ်​မ​ချမ်း​မြေ့​ဖွယ်​ဖြစ်​ကြ​လိမ့်​မည်။

20. သင်​တို့​ထွက်​ပြေး​ရ​မည့်​အ​ချိန်​သည် ဆောင်း​ရာ​သီ​နှင့်​ဥ​ပုသ်​နေ့​တို့​မ​ဖြစ်​စေ​ရန် ဆု​တောင်း​ကြ​လော့။

21. အ​ကြောင်း​မူ​ကား ကမ္ဘာ​ဦး​မှ​စ​၍ ယ​ခု​တိုင်​အောင် မ​ဖြစ်​စ​ဖူး၊ နောင်​တွင်​လည်း လုံး​ဝ​ဖြစ်​မည်​မ​ဟုတ်​သော ကြီး​မား​သည့် ဆင်း​ရဲ​ဒုက္ခ​မျိုး​သည် ထို​ကာ​လ​၌ ကျ​ရောက်​လိမ့်​မည်။

22. ထို​နေ့​ရက်​တို့​ကို တို​တောင်း​စေ​တော်​မ​မူ​လျှင် မည်​သူ​မျှ​လွတ်​နိုင်​မည်​မ​ဟုတ်။ သို့​သော် ရွေး​ကောက်​ခံ​ရ​သော​သူ​တို့​အ​တွက် ထို​နေ့​ရက်​တို့​ကို တို​တောင်း​စေ​တော်​မူ​လိမ့်​မည်။

23. ထို​အ​ခါ တစ်​စုံ​တစ်​ယောက်​က သင်​တို့​အား ‘ကြည့်​လော့။ ခ​ရစ်​တော်​သည် ဤ​အ​ရပ်​၌​ရှိ​၏’ သို့​မ​ဟုတ် ‘ထို​အ​ရပ်​၌​ရှိ​၏’​ဟု ဆို​လျှင်​လည်း မ​ယုံ​ကြ​နှင့်။

24. အ​ကြောင်း​မူ​ကား ခ​ရစ်​တော်​အ​တု​အ​ယောင်​များ​နှင့် ပ​ရော​ဖက်​အ​တု​အ​ယောင်​များ​ပေါ်​လာ​၍ ဖြစ်​နိုင်​လျှင် ရွေး​ကောက်​ခံ​ရ​သော​သူ​တို့​ကို​ပင် လှည့်​ဖြား​ရန် ကြီး​မား​သော​နိ​မိတ်​လက္ခ​ဏာ​များ​နှင့် အံ့​ဩ​ဖွယ်​ရာ​များ​ကို ပြု​ကြ​လိမ့်​မည်။

25. နား​ထောင်​ကြ​လော့။ သင်​တို့​အား ငါ​ကြို​တင်​ပြော​ထား​ပြီ။

26. ထို့​ကြောင့် လူ​တို့​က ‘ကြည့်​လော့။ ကိုယ်​တော်​သည် တော​ကန္တာ​ရ​၌​ရှိ​သည်’​ဟု ပြော​လျှင်​လည်း ထွက်​မ​သွား​ကြ​နှင့်။ ‘ကြည့်​လော့။ အိမ်​အ​တွင်း​ခန်း​ထဲ​၌​ရှိ​သည်’​ဟု ပြော​လျှင်​လည်း မ​ယုံ​ကြ​နှင့်။

27. အ​ကြောင်း​မူ​ကား လျှပ်​စီး​သည် အ​ရှေ့​အ​ရပ်​မှ​လက်​ပြီး အ​နောက်​အ​ရပ်​တိုင်​အောင် ထွန်း​လင်း​သ​ကဲ့​သို့ လူ့​သား​၏​ကြွ​လာ​ခြင်း​သည်​လည်း ထို​နည်း​တူ​ဖြစ်​လိမ့်​မည်။

28. အ​သေ​ကောင်​ရှိ​ရာ​အ​ရပ်​၌ လင်း​တ​တို့​သည် စု​ဝေး​ကြ​လိမ့်​မည်။

29. ထို​နေ့​ရက်​တို့​၏​ဆင်း​ရဲ​ဒုက္ခ​ပြီး​ဆုံး​သည်​နှင့် ချက်​ချင်း​ပင် နေ​သည် မှောင်​မည်း​သွား​၍ လ​သည်​လည်း မိ​မိ​၏​အ​လင်း​ရောင်​ကို​မ​ပေး​ဘဲ​နေ​လိမ့်​မည်။ ကြယ်​တို့​သည်​လည်း ကောင်း​ကင်​မှ​ကြွေ​ကျ​ကာ အာ​ကာ​သ​ကောင်း​ကင်​၏​စွမ်း​အား​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။

30. ထို့​နောက် လူ့​သား​၏​နိ​မိတ်​လက္ခ​ဏာ​သည် ကောင်း​ကင်​၌ ထင်​ရှား​လိမ့်​မည်။ ထို​အ​ခါ ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ လူ​မျိုး​နွယ်​စု​အား​လုံး​တို့​သည် ရင်​ဘတ်​စည်​တီး​လျက် မြည်​တမ်း​ကာ လူ့​သား​သည် တန်​ခိုး​နှင့်​ကြီး​မား​သော​ဘုန်း​အ​သ​ရေ​တို့​ဖြင့် ကောင်း​ကင်​မှ မိုး​တိမ်​များ​စီး​လျက် ကြွ​လာ​သည်​ကို မြင်​ရ​ကြ​လိမ့်​မည်။