Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 24:1-19 Myanmar Standard Bible (MSB)

1. ယေ​ရှု​သည် ဗိ​မာန်​တော်​မှ ထွက်​ခွာ​သွား​တော်​မူ​စဉ် တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်​လာ​၍ ကိုယ်​တော်​အား ဗိ​မာန်​တော်​အ​ဆောက်​အ​အုံ​များ​ကို​ပြ​ကြ​၏။

2. ကိုယ်​တော်​က​လည်း “ဤ​အ​ရာ​အား​လုံး​ကို သင်​တို့​မြင်​ကြ​သည်​မ​ဟုတ်​လော။ သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ ဤ​နေ​ရာ​၌ ကျောက်​တုံး​တစ်​တုံး​သည် ဖြို​ချ​မ​ခံ​ရ​ဘဲ အ​ခြား​ကျောက်​တုံး​တစ်​တုံး​ပေါ်​၌ ကျန်​ရစ်​ခဲ့​သည်​ဟူ​၍ လုံး​ဝ​ရှိ​လိမ့်​မည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။

3. ထို့​နောက် သံ​လွင်​တောင်​ပေါ်​၌ ကိုယ်​တော်​ထိုင်​နေ​တော်​မူ​စဉ် တ​ပည့်​တော်​တို့​သည် သူ​တို့​ချည်း​သာ အ​ထံ​တော်​သို့​ချဉ်း​ကပ်​လာ​၍ “ထို​အ​ရာ​များ​သည် မည်​သည့်​အ​ချိန်​၌​ဖြစ်​ပျက်​မည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကြွ​လာ​တော်​မူ​ချိန်​နှင့် ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​တို့​၌ မည်​သည့်​အ​တိတ်​နိ​မိတ်​ဖြစ်​ပေါ်​မည်​ကို​လည်း​ကောင်း အ​ကျွန်ုပ်​တို့​အား မိန့်​တော်​မူ​ပါ”​ဟု လျှောက်​ကြ​၏။

4. ယေ​ရှု​က​လည်း “မည်​သူ​မျှ သင်​တို့​ကို​မ​လှည့်​ဖြား​စေ​ရန် သ​တိ​ပြု​ကြ​လော့။

5. အ​ကြောင်း​မူ​ကား များ​စွာ​သော​သူ​တို့​သည် ငါ​၏​နာ​မ​ကို​ခံ​ယူ​သုံး​စွဲ​၍ ရောက်​လာ​ကာ ‘ငါ​သည်​ခ​ရစ်​တော်​ဖြစ်​၏’​ဟု ဆို​ကြ​ပြီး လူ​အ​မြောက်​အ​မြား​တို့​ကို လှည့်​ဖြား​ကြ​လိမ့်​မည်။

6. စစ်​ပွဲ​များ​အ​ကြောင်း​နှင့် စစ်​မက်​သ​တင်း​တို့​ကို​လည်း သင်​တို့​ကြား​ကြ​လိမ့်​မည်။ သ​တိ​ပြု​လျက် စိုး​ရိမ်​ထိတ်​လန့်​ခြင်း​မ​ရှိ​ကြ​နှင့်။ အ​ကြောင်း​မူ​ကား ထို​အ​ရာ​များ​သည်​ဖြစ်​ပျက်​ရ​မည်။ သို့​သော် အ​ဆုံး​သည်​မ​ရောက်​သေး။

7. လူ​မျိုး​တစ်​မျိုး​နှင့်​တစ်​မျိုး၊ နိုင်​ငံ​တစ်​နိုင်​ငံ​နှင့်​တစ်​နိုင်​ငံ​တို့​သည် ရန်​ဘက်​ပြု​ကြ​၍ အ​ရပ်​ရပ်​တို့​၌ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​နှင့် င​လျင်​လှုပ်​ခြင်း​များ​ဖြစ်​ကြ​လိမ့်​မည်။

8. ဤ​အ​ရာ​အား​လုံး​တို့​သည် သား​ဖွား​ခြင်း​ဝေ​ဒ​နာ​၏​အ​စ​ဖြစ်​၏။

9. ထို့​နောက် လူ​တို့​သည် သင်​တို့​ကို​နှိပ်​စက်​ရန် အပ်​နှံ​၍ သင်​တို့​ကို သတ်​ဖြတ်​ကြ​လိမ့်​မည်။ သင်​တို့​သည် ငါ့​နာ​မ​ကြောင့် လူ​မျိုး​တ​ကာ​တို့​၏​မုန်း​တီး​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

10. ထို​ကာ​လ​၌ များ​စွာ​သော​လူ​တို့​သည် စိတ်​ပျက်​ကြ​၍ အ​ချင်း​ချင်း​အပ်​နှံ​လျက် အ​ချင်း​ချင်း​မုန်း​တီး​ကြ​လိမ့်​မည်။

11. များ​စွာ​သော​ပ​ရော​ဖက်​အ​တု​အ​ယောင်​တို့​သည် ပေါ်​လာ​၍ လူ​အ​မြောက်​အ​မြား​တို့​ကို လှည့်​ဖြား​ကြ​လိမ့်​မည်။

12. တ​ရား​မဲ့​ခြင်း​သည်​လည်း များ​ပြား​လာ​သ​ဖြင့် များ​စွာ​သော​လူ​တို့​၏​ချစ်​ခြင်း​မေတ္တာ​သည် ခေါင်း​ပါး​လိမ့်​မည်။

13. သို့​သော် အ​ဆုံး​တိုင်​အောင် တည်​ကြည်​သော​သူ​သည် ကယ်​တင်​ခြင်း​ခံ​ရ​လိမ့်​မည်။

14. နိုင်​ငံ​တော်​နှင့်​ဆိုင်​သည့် ဤ​ကောင်း​မြတ်​သော​သ​တင်း​ကို​လည်း လူ​မျိုး​တ​ကာ​တို့​ထံ​သက်​သေ​ဖြစ်​မည့်​အ​ကြောင်း ကမ္ဘာ​တစ်​ဝန်း​လုံး​၌ ဟော​ပြော​ကြ​လိမ့်​မည်။ ထို့​နောက်​မှ အ​ဆုံး​သည်​ရောက်​လာ​လိမ့်​မည်။

15. ထို့​ကြောင့် ပ​ရော​ဖက်​ဒံ​ယေ​လ​အား​ဖြင့် မိန့်​တော်​မူ​ခဲ့​သည့် ပျက်​စီး​ဆိတ်​သုဉ်း​ခြင်း​နှင့်​ဆိုင်​သော​ရွံ​ရှာ​ဖွယ်​အ​ရာ​သည် သန့်​ရှင်း​သော​နေ​ရာ​၌ ရပ်​နေ​သည်​ကို သင်​တို့​မြင်​ကြ​သော​အ​ခါ (ဖတ်​သော​သူ​နား​လည်​ပါ​စေ)

16. ယု​ဒ​နယ်​၌​ရှိ​သော​သူ​တို့​သည် တောင်​များ​ပေါ်​သို့ ထွက်​ပြေး​ကြ​စေ။

17. လေ​သာ​ဆောင်​ပေါ်​၌​ရှိ​သော​သူ​သည် မိ​မိ​အိမ်​ထဲ​မှ ပစ္စည်း​များ​ကို​ယူ​ရန် အောက်​သို့​မ​ဆင်း​စေ​နှင့်။

18. လယ်​၌​ရှိ​သော​သူ​သည်​လည်း မိ​မိ​၏​ဝတ်​ရုံ​ကို​ယူ​ရန် နောက်​သို့​ပြန်​မ​လှည့်​စေ​နှင့်။

19. ထို​နေ့​ရက်​တို့​၌ ကိုယ်​ဝန်​ဆောင်​အ​မျိုး​သ​မီး​များ​နှင့် နို့​စို့​က​လေး​ငယ်​ရှိ​သော​မိ​ခင်​များ​သည် စိတ်​မ​ချမ်း​မြေ့​ဖွယ်​ဖြစ်​ကြ​လိမ့်​မည်။