Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 21:6-10 Myanmar Standard Bible (MSB)

6. တ​ပည့်​တော်​တို့​သည်​လည်း သွား​၍ သူ​တို့​အား ယေ​ရှု​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ဆောင်​ရွက်​ကြ​၏။

7. သူ​တို့​သည် မြည်း​မ​နှင့်​မြည်း​က​လေး​ကို ခေါ်​ဆောင်​လာ​ပြီး​လျှင် ထို​မြည်း​တို့​အ​ပေါ်​၌ အ​ဝတ်​များ​ကို​ခင်း​ကြ​ရာ ကိုယ်​တော်​သည် ၎င်း​တို့​အ​ပေါ်​ထိုင်​တော်​မူ​၏။

8. အ​လွန်​များ​ပြား​သော​လူ​ထု​ပ​ရိ​သတ်​သည်​လည်း မိ​မိ​တို့​၏​ဝတ်​ရုံ​များ​ကို လမ်း​ပေါ်​၌​ခင်း​ကြ​၏။ အ​ချို့​တို့​မူ​ကား သစ်​ပင်​တို့​မှ အ​ကိုင်း​အ​ခက်​များ​ကို​ခုတ်​လာ​၍ လမ်း​ပေါ်​၌​ခင်း​ကြ​၏။

9. ကိုယ်​တော်​၏​ရှေ့​မှ​သွား​သော​လူ​ထု​ပ​ရိ​သတ်​များ​နှင့် နောက်​မှ​လိုက်​သော​လူ​ထု​ပ​ရိ​သတ်​များ​သည် “ဒါ​ဝိဒ်​၏​သား​တော်​အား ဟော​ရှဏ္ဏ​ဖြစ်​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​၌ ကြွ​လာ​တော်​မူ​သော​အ​ရှင်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ အ​မြင့်​ဆုံး​သော​အ​ရပ်​၌ ဟော​ရှဏ္ဏ​ဖြစ်​စေ​သ​တည်း”​ဟု ကြွေး​ကြော်​ကြ​၏။

10. ဤ​သို့​ဖြင့် ကိုယ်​တော်​သည် ဂျေ​ရု​ဆ​လင်​မြို့​ထဲ​သို့​ဝင်​တော်​မူ​ရာ တစ်​မြို့​လုံး​ရုတ်​ရုတ်​ရက်​ရက်​ဖြစ်​သ​ဖြင့် “ဤ​သူ​ကား မည်​သူ​နည်း”​ဟု မေး​မြန်း​ကြ​၏။