Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 21:17-20 Myanmar Standard Bible (MSB)

17. ထို့​နောက် ကိုယ်​တော်​သည် သူ​တို့​ကို​ထား​ခဲ့​၍ မြို့​ထဲ​မှ​ထွက်​ခွာ​လျက် ဗေ​သ​နိ​ရွာ​သို့​ကြွ​ကာ ထို​ရွာ​၌ တစ်​ည​တာ​ကုန်​လွန်​စေ​တော်​မူ​၏။

18. နံ​နက်​စော​စော မြို့​သို့​ပြန်​ကြွ​တော်​မူ​သော​အ​ခါ ကိုယ်​တော်​သည် ဆာ​လောင်​တော်​မူ​၏။

19. ထို​စဉ် လမ်း​၌ သ​ဖန်း​ပင်​တစ်​ပင်​ကို​မြင်​၍ ထို​အ​ပင်​ရှိ​ရာ​သို့​ကြွ​တော်​မူ​ရာ ၎င်း​တွင် အ​ရွက်​များ​မှ​လွဲ​၍ မည်​သည့်​အ​ရာ​ကို​မျှ​မ​တွေ့​သ​ဖြင့် ထို​အ​ပင်​အား “ယ​ခု​မှ​စ​၍ ကာ​လ​အ​စဉ်​အ​ဆက် သင်​၌​အ​သီး​မ​သီး​စေ​ရ”​ဟု မိန့်​တော်​မူ​၏။ ထို​အ​ခါ သ​ဖန်း​ပင်​သည် ချက်​ချင်း​ညှိုး​နွမ်း​ခြောက်​သွေ့​သွား​လေ​၏။

20. တ​ပည့်​တော်​တို့​သည် ထို​အ​ခြင်း​အ​ရာ​ကို​မြင်​လျှင် အံ့​သြ​လျက် “သ​ဖန်း​ပင်​သည် မည်​သို့​သော​အား​ဖြင့် ချက်​ချင်း​ညှိုး​နွမ်း​ခြောက်​သွေ့​သွား​သ​နည်း”​ဟု ဆို​ကြ​၏။