Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 16:9-19 Myanmar Standard Bible (MSB)

9. သင်​တို့​နား​မ​လည်​ကြ​သေး​သ​လော။ မုန့်​ငါး​လုံး​ကို လူ​ငါး​ထောင်​စား​၍ ဘယ်​နှ​တောင်း​ကောက်​သိမ်း​ခဲ့​ရ​သည်​ကို​လည်း​ကောင်း၊

10. မုန့်​ခု​နစ်​လုံး​ကို လူ​လေး​ထောင်​စား​၍ ဘယ်​နှ​တောင်း​ကောက်​သိမ်း​ခဲ့​ရ​သည်​ကို​လည်း​ကောင်း မ​မှတ်​မိ​ကြ​သ​လော။

11. မုန့်​နှင့်​ပတ်​သက်​၍ သင်​တို့​အား ငါ​ပြော​သည်​မ​ဟုတ်​ကြောင်း​ကို အ​ဘယ်​ကြောင့် သင်​တို့​နား​မ​လည်​ကြ​သ​နည်း။ ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒု​ကဲ​တို့​၏​တ​ဆေး​ကို​မူ​ကား သ​တိ​ထား​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

12. ထို​အ​ခါ တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​က မုန့်​၏​တ​ဆေး​ကို​သ​တိ​ထား​ရန် မိန့်​တော်​မူ​သည်​မ​ဟုတ်​ဘဲ ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒု​ကဲ​တို့​၏​သွန်​သင်​ချက်​တို့​ကို​သ​တိ​ထား​ရန် မိန့်​တော်​မူ​ကြောင်း နား​လည်​ကြ​၏။

13. ထို့​နောက် ယေ​ရှု​သည် ဆီ​ဇာ​ရီး​ယား​ဖိ​လိပ္ပိ​နယ်​မြေ​ဒေ​သ​များ​သို့ ရောက်​တော်​မူ​၏။ ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​အား “လူ​တို့​သည် လူ့​သား​ကို မည်​သူ​ဖြစ်​သည်​ဟု ဆို​ကြ​သ​နည်း”​ဟူ​၍ မေး​တော်​မူ​၏။

14. တ​ပည့်​တော်​တို့​က​လည်း “အ​ချို့​တို့​က ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဟု​ဆို​ကြ​၍ အ​ချို့​တို့​က ဧ​လိ​ယ​ဟု​ဆို​ကြ​ပါ​သည်။ အ​ချို့​တို့​က​လည်း ယေ​ရ​မိ သို့​မ​ဟုတ် ပ​ရော​ဖက်​များ​ထဲ​မှ တစ်​ပါး​ပါး​ဖြစ်​သည်​ဟု​ဆို​ကြ​ပါ​သည်”​ဟူ​၍ လျှောက်​ကြ​၏။

15. ယေ​ရှု​က “သင်​တို့​မူ​ကား ငါ့​ကို မည်​သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သ​နည်း”​ဟူ​၍ မေး​တော်​မူ​လျှင်

16. ရှိ​မုန်​ပေ​တ​ရု​က “ကိုယ်​တော်​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​သား​တော်​တည်း​ဟူ​သော ခ​ရစ်​တော်​ဖြစ်​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။

17. ထို​အ​ခါ ယေ​ရှု​က “ဗာ​ယော​န​ရှိ​မုန်၊ သင်​သည် မင်္ဂ​လာ​ရှိ​၏။ အ​ကြောင်း​မူ​ကား ဤ​အ​ရာ​ကို အ​သွေး​အ​သား​က သင့်​အား ဖွင့်​ပြ​သည်​မ​ဟုတ်​ဘဲ ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော​ငါ့​ခ​မည်း​တော်​က ဖွင့်​ပြ​တော်​မူ​၏။

18. သင့်​အား ငါ​ဆို​သည်​ကား သင်​သည် ပေ​တ​ရု​ဖြစ်​၏။ ဤ​ကျောက်​အ​ပေါ်​၌ ငါ​၏​အ​သင်း​တော်​ကို ငါ​တည်​ဆောက်​မည်။ မ​ရ​ဏာ​နိုင်​ငံ​၏​တံ​ခါး​တို့​သည်​လည်း ထို​အ​သင်း​တော်​ကို အ​နိုင်​ရ​ကြ​မည်​မ​ဟုတ်။

19. ကောင်း​ကင်​နိုင်​ငံ​တော်​၏​သော့​များ​ကို သင့်​အား ငါ​ပေး​မည်။ မြေ​ကြီး​ပေါ်​၌ သင်​ချည်​နှောင်​သ​မျှ​သည် ကောင်း​ကင်​ဘုံ​၌ ချည်​နှောင်​ခြင်း​ခံ​ရ​လျက်​ရှိ​လိမ့်​မည်။ မြေ​ကြီး​ပေါ်​၌ သင်​ဖြေ​လွှတ်​သ​မျှ​သည်​လည်း ကောင်း​ကင်​ဘုံ​၌ ဖြေ​လွှတ်​ခြင်း​ခံ​ရ​လျက်​ရှိ​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။