Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 16:4-9 Myanmar Standard Bible (MSB)

4. ဆိုး​ညစ်​၍ ဖောက်​ပြန်​သော​မျိုး​ဆက်​သည် နိ​မိတ်​လက္ခ​ဏာ​ကို​တောင်း​ဆို​သော်​လည်း ယော​န​၏​နိ​မိတ်​လက္ခ​ဏာ​မှ​တစ်​ပါး မည်​သည့်​နိ​မိတ်​လက္ခ​ဏာ​ကို​မျှ ပြ​လိမ့်​မည်​မ​ဟုတ်”​ဟု ပြန်​၍​မိန့်​တော်​မူ​ပြီး​လျှင် သူ​တို့​ထံ​မှ ထွက်​ခွာ​သွား​တော်​မူ​၏။

5. တ​ပည့်​တော်​တို့​သည် တစ်​ဖက်​ကမ်း​သို့​လာ​ကြ​သော​အ​ခါ မုန့်​ကို​ယူ​ဆောင်​လာ​ရန် မေ့​လျော့​ကြ​၏။

6. ထို​အ​ခါ ယေ​ရှု​က “ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒု​ကဲ​တို့​၏​တ​ဆေး​ကို အ​ထူး​သ​တိ​ထား​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

7. တ​ပည့်​တော်​တို့​က​လည်း “ငါ​တို့​မုန့်​မ​ယူ​ဆောင်​ခဲ့​သော​ကြောင့်​ဖြစ်​သည်”​ဟု အ​ချင်း​ချင်း​အ​ချေ​အ​တင်​ပြော​ဆို​ကြ​၏။

8. ထို​သို့​ပြော​ဆို​ကြ​သည်​ကို ယေ​ရှု​သိ​တော်​မူ​လျှင် “ယုံ​ကြည်​ခြင်း​အား​နည်း​သော​သူ​တို့၊ သင်​တို့​၌​မုန့်​မ​ပါ​ကြောင်း​ကို အ​ဘယ်​ကြောင့် အ​ချင်း​ချင်း​အ​ချေ​အ​တင်​ပြော​ဆို​ကြ​သ​နည်း။

9. သင်​တို့​နား​မ​လည်​ကြ​သေး​သ​လော။ မုန့်​ငါး​လုံး​ကို လူ​ငါး​ထောင်​စား​၍ ဘယ်​နှ​တောင်း​ကောက်​သိမ်း​ခဲ့​ရ​သည်​ကို​လည်း​ကောင်း၊