Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 16:26-28 Myanmar Standard Bible (MSB)

26. လူ​သည် ကမ္ဘာ​လော​က​တစ်​ခု​လုံး​ကို​ရ​ရှိ​သော်​လည်း မိ​မိ​အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး​လျှင် မည်​သည့်​အ​ကျိုး​ရှိ​မည်​နည်း။ တစ်​နည်း​အား​ဖြင့် လူ​သည် မည်​သည့်​အ​ရာ​ကို​ပေး​၍ မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို ပြန်​ရွေး​နိုင်​မည်​နည်း။

27. အ​ကြောင်း​မူ​ကား လူ့​သား​သည် မိ​မိ​၏​ကောင်း​ကင်​တ​မန်​များ​နှင့်​အ​တူ မိ​မိ​ခ​မည်း​တော်​၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​လျက် ကြွ​လာ​လိမ့်​မည်။ ထို​အ​ခါ လူ​အ​သီး​သီး​တို့​အား သူ​တို့​၏​လုပ်​ဆောင်​မှု​နှင့်​အ​ညီ အ​ကျိုး​အ​ပြစ်​ကို​ပေး​တော်​မူ​လိမ့်​မည်။

28. သင်​တို့​အား ငါ​အ​မှန်​ဆို​သည်​ကား ဤ​နေ​ရာ​၌​ရပ်​နေ​သော​သူ​တို့​တွင် လူ့​သား​သည် မိ​မိ​၏​နိုင်​ငံ​တော်​နှင့်​ကြွ​လာ​သည်​ကို​မ​မြင်​မီ သေ​ခြင်း​ကို မ​မြည်း​စမ်း​ရ​သော​သူ​အ​ချို့​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။