Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 16:15-21 Myanmar Standard Bible (MSB)

15. ယေ​ရှု​က “သင်​တို့​မူ​ကား ငါ့​ကို မည်​သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သ​နည်း”​ဟူ​၍ မေး​တော်​မူ​လျှင်

16. ရှိ​မုန်​ပေ​တ​ရု​က “ကိုယ်​တော်​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​သား​တော်​တည်း​ဟူ​သော ခ​ရစ်​တော်​ဖြစ်​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။

17. ထို​အ​ခါ ယေ​ရှု​က “ဗာ​ယော​န​ရှိ​မုန်၊ သင်​သည် မင်္ဂ​လာ​ရှိ​၏။ အ​ကြောင်း​မူ​ကား ဤ​အ​ရာ​ကို အ​သွေး​အ​သား​က သင့်​အား ဖွင့်​ပြ​သည်​မ​ဟုတ်​ဘဲ ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော​ငါ့​ခ​မည်း​တော်​က ဖွင့်​ပြ​တော်​မူ​၏။

18. သင့်​အား ငါ​ဆို​သည်​ကား သင်​သည် ပေ​တ​ရု​ဖြစ်​၏။ ဤ​ကျောက်​အ​ပေါ်​၌ ငါ​၏​အ​သင်း​တော်​ကို ငါ​တည်​ဆောက်​မည်။ မ​ရ​ဏာ​နိုင်​ငံ​၏​တံ​ခါး​တို့​သည်​လည်း ထို​အ​သင်း​တော်​ကို အ​နိုင်​ရ​ကြ​မည်​မ​ဟုတ်။

19. ကောင်း​ကင်​နိုင်​ငံ​တော်​၏​သော့​များ​ကို သင့်​အား ငါ​ပေး​မည်။ မြေ​ကြီး​ပေါ်​၌ သင်​ချည်​နှောင်​သ​မျှ​သည် ကောင်း​ကင်​ဘုံ​၌ ချည်​နှောင်​ခြင်း​ခံ​ရ​လျက်​ရှိ​လိမ့်​မည်။ မြေ​ကြီး​ပေါ်​၌ သင်​ဖြေ​လွှတ်​သ​မျှ​သည်​လည်း ကောင်း​ကင်​ဘုံ​၌ ဖြေ​လွှတ်​ခြင်း​ခံ​ရ​လျက်​ရှိ​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

20. ထို့​နောက် ကိုယ်​တော်​က မိ​မိ​သည်​ခ​ရစ်​တော်​ဖြစ်​ကြောင်း မည်​သူ့​ကို​မျှ​မ​ပြော​ရန် တ​ပည့်​တော်​တို့​အား မိန့်​မှာ​တော်​မူ​၏။

21. ထို​အ​ချိန်​မှ​စ​၍ ယေ​ရှု​က မိ​မိ​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​သွား​၍ သက်​ကြီး​ဝါ​ကြီး​များ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​၏​လက်​၌ ဒုက္ခ​ဝေ​ဒ​နာ​များ​စွာ​ခံ​စား​ရ​ပြီး အ​သေ​သတ်​ခြင်း​ခံ​ရ​ကာ သုံး​ရက်​မြောက်​သော​နေ့​၌ ထ​မြောက်​ရ​မည်​ဖြစ်​ကြောင်း​ကို တ​ပည့်​တော်​တို့​အား စ​တင်​ဖော်​ပြ​တော်​မူ​၏။