1. ထိုအခါ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့သည် ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် ချဉ်းကပ်လာ၍ ကောင်းကင်မှနိမိတ်လက္ခဏာကို ပြပေးပါရန် တောင်းဆိုကြ၏။
2. ကိုယ်တော်ကလည်း “[သင်တို့သည် ညနေချမ်းအချိန်ရောက်သောအခါ ‘မိုးကောင်းကင်နီရဲသည်ဖြစ်၍ ရာသီဥတုသာယာလိမ့်မည်’ဟု ဆိုတတ်ကြ၏။
3. နံနက်စောစောအချိန်တွင်လည်း ‘မိုးကောင်းကင်အုံ့မှိုင်းလျက်နီရဲသည်ဖြစ်၍ ယနေ့မုန်တိုင်းလာလိမ့်မည်’ဟု ဆိုတတ်ကြ၏။ သင်တို့သည်မိုးကောင်းကင်၏အသွင်အပြင်ကို ပိုင်းခြား၍သိကြသော်လည်း အချိန်ကာလများ၏နိမိတ်လက္ခဏာများကိုမူ ပိုင်းခြား၍မသိနိုင်ကြ။]
4. ဆိုးညစ်၍ ဖောက်ပြန်သောမျိုးဆက်သည် နိမိတ်လက္ခဏာကိုတောင်းဆိုသော်လည်း ယောန၏နိမိတ်လက္ခဏာမှတစ်ပါး မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြလိမ့်မည်မဟုတ်”ဟု ပြန်၍မိန့်တော်မူပြီးလျှင် သူတို့ထံမှ ထွက်ခွာသွားတော်မူ၏။
5. တပည့်တော်တို့သည် တစ်ဖက်ကမ်းသို့လာကြသောအခါ မုန့်ကိုယူဆောင်လာရန် မေ့လျော့ကြ၏။