37. ငါ့ထက် ဖခင်ကိုဖြစ်စေ၊ မိခင်ကိုဖြစ်စေ ပို၍ချစ်သောသူသည် ငါနှင့်မထိုက်တန်။ ငါ့ထက် သားကိုဖြစ်စေ၊ သမီးကိုဖြစ်စေ ပို၍ချစ်သောသူသည်လည်း ငါနှင့်မထိုက်တန်။
38. မိမိလက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့မလိုက်သောသူသည်လည်း ငါနှင့်မထိုက်တန်။
39. မိမိအသက်ကိုတွေ့ရှိသောသူသည် အသက်ဆုံးရှုံးလိမ့်မည်။ ငါ့အတွက် မိမိအသက်ကို အဆုံးရှုံးခံသောသူမူကား အသက်ကိုတွေ့ရှိလိမ့်မည်။
40. သင်တို့ကိုလက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည်လည်း ငါ့အားစေလွှတ်တော်မူသောအရှင်ကိုလက်ခံ၏။
41. ပရောဖက်ဟူသောအမည်နာမကိုထောက်၍ ပရောဖက်ကို လက်ခံသောသူသည် ပရောဖက်နှင့်ဆိုင်သောအကျိုးကျေးဇူးကို ရရှိလိမ့်မည်။ ဖြောင့်မတ်သောသူဟူသောအမည်နာမကိုထောက်၍ ဖြောင့်မတ်သောသူကို လက်ခံသောသူသည်လည်း ဖြောင့်မတ်သောသူနှင့်ဆိုင်သောအကျိုးကျေးဇူးကို ရရှိလိမ့်မည်။
42. သင်တို့အား ငါအမှန်ဆိုမည်။ တပည့်တော်ဟူသောအမည်နာမကိုထောက်၍ ဤငယ်သောသူများထဲမှ တစ်စုံတစ်ဦးအား ရေအေးတစ်ခွက်မျှပင် တိုက်သောသူသည် အကျိုးကျေးဇူးကို လုံးဝဆုံးရှုံးရမည်မဟုတ်”ဟု မိန့်တော်မူ၏။