Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 10:35-38 Myanmar Standard Bible (MSB)

35. အ​ကြောင်း​မူ​ကား သား​ကို သူ​၏​အ​ဖ​နှင့်​လည်း​ကောင်း၊ သ​မီး​ကို သူ​၏​အ​မိ​နှင့်​လည်း​ကောင်း၊ ချွေး​မ​ကို သူ​၏​ယောက္ခ​မ​နှင့်​လည်း​ကောင်း စိတ်​ဝမ်း​ကွဲ​ပြား​စေ​ရန် ငါ​လာ​၏။

36. လူ​တစ်​ဦး​၏​ရန်​သူ​တို့​မှာ​လည်း သူ​၏​အိမ်​သူ​အိမ်​သား​များ​ဖြစ်​ကြ​လိမ့်​မည်။

37. ငါ့​ထက် ဖ​ခင်​ကို​ဖြစ်​စေ၊ မိ​ခင်​ကို​ဖြစ်​စေ ပို​၍​ချစ်​သော​သူ​သည် ငါ​နှင့်​မ​ထိုက်​တန်။ ငါ့​ထက် သား​ကို​ဖြစ်​စေ၊ သ​မီး​ကို​ဖြစ်​စေ ပို​၍​ချစ်​သော​သူ​သည်​လည်း ငါ​နှင့်​မ​ထိုက်​တန်။

38. မိ​မိ​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​၍ ငါ့​နောက်​သို့​မ​လိုက်​သော​သူ​သည်​လည်း ငါ​နှင့်​မ​ထိုက်​တန်။