Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 10:28-34 Myanmar Standard Bible (MSB)

28. ကိုယ်​ခန္ဓာ​ကို​သတ်​၍ အ​သက်​ဝိ​ညာဉ်​ကို​မ​သတ်​နိုင်​သော​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ကိုယ်​ခန္ဓာ​နှင့်​အ​သက်​ဝိ​ညာဉ်​နှစ်​မျိုး​စ​လုံး​ကို င​ရဲ​၌​ဖျက်​ဆီး​နိုင်​သော​အ​ရှင်​ကို​သာ ကြောက်​ကြ​လော့။

29. စာ​က​လေး​နှစ်​ကောင်​ကို အဿ​ရိ​တစ်​ပြား​နှင့် ရောင်း​သည်​မ​ဟုတ်​လော။ သို့​ရာ​တွင် သင်​တို့​အ​ဖ​၏​အ​ခွင့်​မ​ရှိ​လျှင် ထို​စာ​က​လေး​တစ်​ကောင်​မျှ မြေ​ပေါ်​သို့​ကျ​လိမ့်​မည်​မ​ဟုတ်။

30. သင်​တို့​ဦး​ခေါင်း​မှ ဆံ​ပင်​ရှိ​သ​မျှ​ကို​ပင် ရေ​တွက်​ထား​တော်​မူ​၏။

31. ထို့​ကြောင့် မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည် စာ​က​လေး​များ​စွာ​တို့​ထက် အ​ဖိုး​ထိုက်​ကြ​၏။

32. သို့​ဖြစ်​၍ မည်​သူ​မ​ဆို လူ​တို့​ရှေ့​၌​ငါ့​ကို​ဝန်​ခံ​လျှင် ငါ​သည်​လည်း ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော​ငါ့​ခ​မည်း​တော်​ရှေ့​၌ ထို​သူ​ကို​ဝန်​ခံ​မည်။

33. သို့​သော် လူ​တို့​ရှေ့​၌ ငါ့​ကို​ငြင်း​ပယ်​သော​သူ​ကို ငါ​သည်​လည်း ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော​ငါ့​ခ​မည်း​တော်​ရှေ့​၌ ငြင်း​ပယ်​မည်။

34. မြေ​ကြီး​ပေါ်​သို့ ငြိမ်​သက်​ခြင်း​ကို​ယူ​ဆောင်​လာ​ရန် ငါ​လာ​သည်​ဟု​မ​ထင်​ကြ​နှင့်။ ငြိမ်​သက်​ခြင်း​ကို​ယူ​ဆောင်​လာ​ရန်​မ​ဟုတ်​ဘဲ ဓား​ကို​ယူ​ဆောင်​လာ​ရန် ငါ​လာ​၏။