Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 10:24-29 Myanmar Standard Bible (MSB)

24. တ​ပည့်​သည် ဆ​ရာ​ထက် မြတ်​သည်​မ​ဟုတ်။ ကျွန်​သည်​လည်း သ​ခင်​ထက် မြတ်​သည်​မ​ဟုတ်။

25. တ​ပည့်​သည် သူ့​ဆ​ရာ​ကဲ့​သို့​လည်း​ကောင်း၊ ကျွန်​သည် သူ့​သ​ခင်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လာ​လျှင် လုံ​လောက်​ပေ​၏။ အိမ်​ရှင်​ကို ဗေ​လ​ဇေ​ဗု​လ​ဟု​ခေါ်​ကြ​လျှင် သူ​၏​အိမ်​သူ​အိမ်​သား​များ​ကို မည်​မျှ ပို​၍​ဆိုး​ရွား​စွာ​ခေါ်​ကြ​လိမ့်​မည်​နည်း။

26. ထို့​ကြောင့် သူ​တို့​ကို​မ​ကြောက်​ကြ​နှင့်။ အ​ကြောင်း​မူ​ကား ဖုံး​အုပ်​ထား​သည့်​အ​ရာ​များ​တွင် ဖွင့်​ပြ​ခြင်း​မ​ခံ​ရ​မည့်​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။ ကွယ်​ဝှက်​ထား​သည့်​အ​ရာ​များ​တွင်​လည်း ဖော်​ပြ​ခြင်း​မ​ခံ​ရ​မည့်​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။

27. သင်​တို့​အား မှောင်​မိုက်​၌ ငါ​ပြော​သော​အ​ရာ​တို့​ကို အ​လင်း​၌​ပြော​ကြား​ကြ​လော့။ နား​အ​ပါး​ကပ်​ပြော​၍​ကြား​ရ​သော​အ​ရာ​တို့​ကို လေ​သာ​ဆောင်​အ​ပေါ်​မှ ဟော​ပြော​ကြ​လော့။

28. ကိုယ်​ခန္ဓာ​ကို​သတ်​၍ အ​သက်​ဝိ​ညာဉ်​ကို​မ​သတ်​နိုင်​သော​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ကိုယ်​ခန္ဓာ​နှင့်​အ​သက်​ဝိ​ညာဉ်​နှစ်​မျိုး​စ​လုံး​ကို င​ရဲ​၌​ဖျက်​ဆီး​နိုင်​သော​အ​ရှင်​ကို​သာ ကြောက်​ကြ​လော့။

29. စာ​က​လေး​နှစ်​ကောင်​ကို အဿ​ရိ​တစ်​ပြား​နှင့် ရောင်း​သည်​မ​ဟုတ်​လော။ သို့​ရာ​တွင် သင်​တို့​အ​ဖ​၏​အ​ခွင့်​မ​ရှိ​လျှင် ထို​စာ​က​လေး​တစ်​ကောင်​မျှ မြေ​ပေါ်​သို့​ကျ​လိမ့်​မည်​မ​ဟုတ်။