Myanmar Standard Bible

ဧ​ဖက်​ဩ​ဝါ​ဒ​စာ 5:6-22 Myanmar Standard Bible (MSB)

6. အ​ချည်း​နှီး​သော​စ​ကား​တို့​ဖြင့် မည်​သူ​မျှ သင်​တို့​ကို မ​လှည့်​ဖြား​စေ​နှင့်။ အ​ကြောင်း​မူ​ကား ဤ​အ​မှု​များ​ကြောင့် ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​သည် နာ​ခံ​မှု​မ​ရှိ​သော​သူ​တို့​အ​ပေါ်​သို့ သက်​ရောက်​လာ​၏။

7. ထို့​ကြောင့် သူ​တို့​နှင့်​အ​တူ ပေါင်း​ဖော်​ခြင်း​မ​ပြု​ကြ​နှင့်။

8. အ​ဘယ်​ကြောင့်​ဆို​သော် တစ်​ချိန်​က သင်​တို့​သည် အ​မှောင်​ဖြစ်​ခဲ့​သော်​လည်း ယ​ခု​အ​ခါ သ​ခင်​ဘု​ရား​၌ အ​လင်း​ဖြစ်​ကြ​၏။ အ​လင်း​၏​သား​သ​မီး​များ​ကဲ့​သို့ အ​သက်​ရှင်​လျှောက်​လှမ်း​ကြ​လော့။

9. အ​ကြောင်း​မူ​ကား အ​လင်း​၏​အ​သီး​အ​ပွင့်​သည် အ​လုံး​စုံ​သော​ကောင်း​မြတ်​ခြင်း၊ ဖြောင့်​မတ်​ခြင်း​နှင့် မှန်​ကန်​ခြင်း​တို့​ဖြစ်​ကြ​၏။

10. သ​ခင်​ဘု​ရား​နှစ်​သက်​တော်​မူ​သော​အ​ရာ​သည် မည်​သည့်​အ​ရာ​ဖြစ်​သည်​ကို ပိုင်း​ခြား​သိ​ရှိ​ကြ​လော့။

11. အ​ကျိုး​မဲ့​သော​မှောင်​မိုက်​ခြင်း​၏​အ​မှု​တို့​၌ မ​ပါ​ဝင်​ကြ​သည်​သာ​မ​က ထို​အ​မှု​တို့​၏​အ​ပြစ်​ကို ဖော်​ပြ​ကြ​လော့။

12. အ​ကြောင်း​မူ​ကား ဆိတ်​ကွယ်​ရာ​၌ သူ​တို့​ပြု​နေ​သော​အ​ရာ​များ​ကို ပြော​ဆို​ရန်​ပင် ရှက်​ဖွယ်​ကောင်း​၏။

13. သို့​သော် အ​လင်း​အား​ဖြင့် အ​ပြစ်​ဖော်​ပြ​ခြင်း​ခံ​ရ​သော​အ​ရာ​အား​လုံး​သည် ထင်​ရှား​လာ​၏။

14. အ​ကြောင်း​မူ​ကား ထင်​ရှား​လာ​သော​အ​ရာ​ရှိ​သ​မျှ​သည် အ​လင်း​ဖြစ်​၏။ သို့​ဖြစ်​၍ “အိပ်​ပျော်​နေ​သော​သူ၊ နိုး​လော့။ သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​လော့။ ထို​အ​ခါ ခ​ရစ်​တော်​သည် သင့်​အား အ​လင်း​ကို​ပေး​တော်​မူ​လိမ့်​မည်”​ဟု ဆို​ထား​၏။

15. ထို့​ကြောင့် သင်​တို့​သည် မည်​သို့​အ​သက်​ရှင်​လျှောက်​လှမ်း​သည်​ကို သေ​ချာ​စွာ​ဆင်​ခြင်​ကြ​လော့။ ပ​ညာ​မဲ့​ကဲ့​သို့​မ​ဟုတ်​ဘဲ ပ​ညာ​ရှိ​ကဲ့​သို့ လျှောက်​လှမ်း​၍

16. နေ့​ရက်​ကာ​လ​တို့​သည် ဆိုး​ညစ်​သော​ကြောင့် အ​ချိန်​အ​ခါ​ကို ကောင်း​စွာ​အ​သုံး​ချ​ကြ​လော့။

17. သို့​ဖြစ်​၍ မိုက်​မဲ​သော​သူ​များ​မ​ဖြစ်​ကြ​ဘဲ သ​ခင်​ဘု​ရား​၏​အ​လို​တော်​သည် မည်​သည့်​အ​ရာ​ဖြစ်​သည်​ကို နား​လည်​ကြ​လော့။

18. အ​ပျော်​ကြူး​ခြင်း​ကို​ဖြစ်​စေ​သည့် စ​ပျစ်​ဝိုင်​ယစ်​မူး​ခြင်း​မ​ရှိ​ဘဲ ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​ကြ​လော့။

19. ဆာ​လံ​သီ​ချင်း​များ၊ ဓမ္မ​သီ​ချင်း​များ​နှင့် ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​သီ​ချင်း​များ​ကို အ​ချင်း​ချင်း​မြွက်​ဆို​လျက် သ​ခင်​ဘု​ရား​ထံ​သို့ သင်​တို့​၏​စိတ်​နှ​လုံး​ထဲ​မှ သီ​ဆို​ကျူး​ဧ​ကြ​လော့။

20. အ​ရာ​ခပ်​သိမ်း​တို့​အ​တွက် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​နာ​မ​တော်​၌ ခ​မည်း​တော်​ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို အ​စဉ်​ကျေး​ဇူး​တင်​ကြ​လော့။

21. ခ​ရစ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​သော​စိတ်​ဖြင့် အ​ချင်း​ချင်း​နာ​ခံ​ကြ​လော့။

22. ဇ​နီး​သည်​တို့၊ သ​ခင်​ဘု​ရား​ကို​နာ​ခံ​သ​ကဲ့​သို့ မိ​မိ​၏​ခင်​ပွန်း​သည်​ကို နာ​ခံ​ကြ​လော့။