Myanmar Standard Bible

ဧ​ဖက်​ဩ​ဝါ​ဒ​စာ 5:28-32 Myanmar Standard Bible (MSB)

28. ထို​နည်း​တူ ခင်​ပွန်း​သည်​တို့​သည်​လည်း မိ​မိ​တို့​၏​ဇ​နီး​သည်​ကို မိ​မိ​တို့​ကိုယ်​ခန္ဓာ​ကဲ့​သို့ ချစ်​ကြ​ရ​မည်။ မိ​မိ​၏​ဇ​နီး​သည်​ကို ချစ်​သော​သူ​သည် မိ​မိ​ကိုယ်​ကို​ချစ်​သော​သူ​ဖြစ်​၏။

29. အ​ကြောင်း​မူ​ကား မိ​မိ​ကိုယ်​ခန္ဓာ​ကို​မုန်း​သော​သူ​ဟူ​၍ တစ်​ယောက်​မျှ​မ​ရှိ​ဖူး​ချေ။ ခ​ရစ်​တော်​သည် အ​သင်း​တော်​အား​ပြု​တော်​မူ​သ​ကဲ့​သို့ လူ​တိုင်း မိ​မိ​ကိုယ်​ခန္ဓာ​ကို​ပြု​စု​ပျိုး​ထောင်​၍ ယု​ယ​မြတ်​နိုး​တတ်​၏။

30. အ​ဘယ်​ကြောင့်​ဆို​သော် ငါ​တို့​သည် ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ​ဆိုင်​ရာ အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​ဖြစ်​ကြ​၏။

31. ထို​အ​ကြောင်း​ကြောင့် ယောက်ျား​သည် မိ​ခင်​နှင့်​ဖ​ခင်​တို့​ကို​စွန့်​ခွာ​၍ မိ​မိ​မ​ယား​နှင့်​ပေါင်း​ဖက်​သ​ဖြင့် ထို​သူ​နှစ်​ဦး​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း​ဖြစ်​ကြ​လိမ့်​မည်။

32. ဤ​အ​ရာ​သည် အ​လွန်​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ဖြစ်​၏။ ထို​သို့​ဆို​သော် ခ​ရစ်​တော်​နှင့်​အ​သင်း​တော်​ကို​ရည်​ညွှန်း​၍ ငါ​ဆို​၏။