Myanmar Standard Bible

ဧ​ဖက်​ဩ​ဝါ​ဒ​စာ 5:26-33 Myanmar Standard Bible (MSB)

26. ခ​ရစ်​တော်​သည် ထို​သို့​ပြု​ခြင်း​မှာ ရေ​နှင့်​ဆိုင်​သော​ဆေး​ကြော​ခြင်း​အား​ဖြင့် နှုတ်​က​ပတ်​တော်​၌ အ​သင်း​တော်​ကို သန့်​ရှင်း​စင်​ကြယ်​စေ​ရန်​နှင့်

27. အ​စွန်း​အ​ထင်း၊ အ​တွန့်​အ​ရှုံ့​မှ​စ​၍ ထို​သို့​သော​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​ဘဲ သန့်​ရှင်း​၍ အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​သည့် ဂုဏ်​သ​ရေ​ရှိ​သော​အ​သင်း​တော်​ကို မိ​မိ​အား​ဆက်​သ​နိုင်​ရန်​အ​တွက်​ဖြစ်​၏။

28. ထို​နည်း​တူ ခင်​ပွန်း​သည်​တို့​သည်​လည်း မိ​မိ​တို့​၏​ဇ​နီး​သည်​ကို မိ​မိ​တို့​ကိုယ်​ခန္ဓာ​ကဲ့​သို့ ချစ်​ကြ​ရ​မည်။ မိ​မိ​၏​ဇ​နီး​သည်​ကို ချစ်​သော​သူ​သည် မိ​မိ​ကိုယ်​ကို​ချစ်​သော​သူ​ဖြစ်​၏။

29. အ​ကြောင်း​မူ​ကား မိ​မိ​ကိုယ်​ခန္ဓာ​ကို​မုန်း​သော​သူ​ဟူ​၍ တစ်​ယောက်​မျှ​မ​ရှိ​ဖူး​ချေ။ ခ​ရစ်​တော်​သည် အ​သင်း​တော်​အား​ပြု​တော်​မူ​သ​ကဲ့​သို့ လူ​တိုင်း မိ​မိ​ကိုယ်​ခန္ဓာ​ကို​ပြု​စု​ပျိုး​ထောင်​၍ ယု​ယ​မြတ်​နိုး​တတ်​၏။

30. အ​ဘယ်​ကြောင့်​ဆို​သော် ငါ​တို့​သည် ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ​ဆိုင်​ရာ အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​ဖြစ်​ကြ​၏။

31. ထို​အ​ကြောင်း​ကြောင့် ယောက်ျား​သည် မိ​ခင်​နှင့်​ဖ​ခင်​တို့​ကို​စွန့်​ခွာ​၍ မိ​မိ​မ​ယား​နှင့်​ပေါင်း​ဖက်​သ​ဖြင့် ထို​သူ​နှစ်​ဦး​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း​ဖြစ်​ကြ​လိမ့်​မည်။

32. ဤ​အ​ရာ​သည် အ​လွန်​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ဖြစ်​၏။ ထို​သို့​ဆို​သော် ခ​ရစ်​တော်​နှင့်​အ​သင်း​တော်​ကို​ရည်​ညွှန်း​၍ ငါ​ဆို​၏။

33. မည်​သို့​ပင်​ဖြစ်​စေ သင်​တို့​တစ်​ဦး​စီ​သည်​လည်း မိ​မိ​ကိုယ်​ကို​ချစ်​သ​ကဲ့​သို့ မိ​မိ​ဇ​နီး​သည်​ကို ချစ်​ကြ​လော့။ ဇ​နီး​သည်​တို့​သည်​လည်း မိ​မိ​ခင်​ပွန်း​သည်​ကို ရို​သေ​ကြ​လော့။