Myanmar Standard Bible

ဧ​ဖက်​ဩ​ဝါ​ဒ​စာ 5:1-15 Myanmar Standard Bible (MSB)

1. ထို့​ကြောင့် ချစ်​တော်​မူ​သော​သား​သ​မီး​များ​အ​ဖြစ် ဘု​ရား​သ​ခင်​ကို အ​တု​ယူ​သူ​များ​ဖြစ်​ကြ​လော့။

2. ခ​ရစ်​တော်​သည် ငါ​တို့​ကို​ချစ်​တော်​မူ​၍ ငါ​တို့​အ​တွက် မိ​မိ​ကိုယ်​ကို ပူ​ဇော်​သက္ကာ​နှင့်​ယဇ်​တည်း​ဟူ​သော မွှေး​ကြိုင်​သည့်​ရ​နံ့​အ​ဖြစ် ဘု​ရား​သ​ခင်​ထံ ဆက်​ကပ်​အပ်​နှံ​တော်​မူ​သည့်​နည်း​တူ ချစ်​ခြင်း​မေတ္တာ​၌ အ​သက်​ရှင်​လျှောက်​လှမ်း​ကြ​လော့။

3. တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း၊ အ​မျိုး​မျိုး​သော​ညစ်​ညူး​ခြင်း​နှင့် လော​ဘ​လွန်​ကျူး​ခြင်း​တို့​ကို သန့်​ရှင်း​သူ​များ​ရှောင်​သင့်​သည့်​အ​တိုင်း သင်​တို့​ထဲ​တွင် စ​ကား​ဖြင့်​ပင် မ​ပြော​ကြ​နှင့်။

4. မ​ဖွယ်​မ​ရာ​ပြု​မူ​ခြင်း၊ မိုက်​မဲ​စွာ​ပြော​ဆို​ခြင်း​နှင့် ညစ်​ညမ်း​သော​ပြက်​လုံး​ထုတ်​ခြင်း​တို့​သည်​လည်း မ​သင့်​လျော်​သ​ဖြင့် ရှောင်​ရှား​၍ ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​ကို​သာ ပြု​ကြ​လော့။

5. တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​သူ၊ ညစ်​ညူး​သော​သူ၊ ရုပ်​တု​ကိုး​ကွယ်​သူ​ဖြစ်​သော လော​ဘ​လွန်​ကျူး​သူ​တစ်​စုံ​တစ်​ဦး​မျှ ခ​ရစ်​တော်​နှင့်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို အ​မွေ​ဆက်​ခံ​ရ​မည်​မ​ဟုတ်​ကြောင်း ကောင်း​စွာ​သိ​မှတ်​ကြ​လော့။

6. အ​ချည်း​နှီး​သော​စ​ကား​တို့​ဖြင့် မည်​သူ​မျှ သင်​တို့​ကို မ​လှည့်​ဖြား​စေ​နှင့်။ အ​ကြောင်း​မူ​ကား ဤ​အ​မှု​များ​ကြောင့် ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​သည် နာ​ခံ​မှု​မ​ရှိ​သော​သူ​တို့​အ​ပေါ်​သို့ သက်​ရောက်​လာ​၏။

7. ထို့​ကြောင့် သူ​တို့​နှင့်​အ​တူ ပေါင်း​ဖော်​ခြင်း​မ​ပြု​ကြ​နှင့်။

8. အ​ဘယ်​ကြောင့်​ဆို​သော် တစ်​ချိန်​က သင်​တို့​သည် အ​မှောင်​ဖြစ်​ခဲ့​သော်​လည်း ယ​ခု​အ​ခါ သ​ခင်​ဘု​ရား​၌ အ​လင်း​ဖြစ်​ကြ​၏။ အ​လင်း​၏​သား​သ​မီး​များ​ကဲ့​သို့ အ​သက်​ရှင်​လျှောက်​လှမ်း​ကြ​လော့။

9. အ​ကြောင်း​မူ​ကား အ​လင်း​၏​အ​သီး​အ​ပွင့်​သည် အ​လုံး​စုံ​သော​ကောင်း​မြတ်​ခြင်း၊ ဖြောင့်​မတ်​ခြင်း​နှင့် မှန်​ကန်​ခြင်း​တို့​ဖြစ်​ကြ​၏။

10. သ​ခင်​ဘု​ရား​နှစ်​သက်​တော်​မူ​သော​အ​ရာ​သည် မည်​သည့်​အ​ရာ​ဖြစ်​သည်​ကို ပိုင်း​ခြား​သိ​ရှိ​ကြ​လော့။

11. အ​ကျိုး​မဲ့​သော​မှောင်​မိုက်​ခြင်း​၏​အ​မှု​တို့​၌ မ​ပါ​ဝင်​ကြ​သည်​သာ​မ​က ထို​အ​မှု​တို့​၏​အ​ပြစ်​ကို ဖော်​ပြ​ကြ​လော့။

12. အ​ကြောင်း​မူ​ကား ဆိတ်​ကွယ်​ရာ​၌ သူ​တို့​ပြု​နေ​သော​အ​ရာ​များ​ကို ပြော​ဆို​ရန်​ပင် ရှက်​ဖွယ်​ကောင်း​၏။

13. သို့​သော် အ​လင်း​အား​ဖြင့် အ​ပြစ်​ဖော်​ပြ​ခြင်း​ခံ​ရ​သော​အ​ရာ​အား​လုံး​သည် ထင်​ရှား​လာ​၏။

14. အ​ကြောင်း​မူ​ကား ထင်​ရှား​လာ​သော​အ​ရာ​ရှိ​သ​မျှ​သည် အ​လင်း​ဖြစ်​၏။ သို့​ဖြစ်​၍ “အိပ်​ပျော်​နေ​သော​သူ၊ နိုး​လော့။ သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​လော့။ ထို​အ​ခါ ခ​ရစ်​တော်​သည် သင့်​အား အ​လင်း​ကို​ပေး​တော်​မူ​လိမ့်​မည်”​ဟု ဆို​ထား​၏။

15. ထို့​ကြောင့် သင်​တို့​သည် မည်​သို့​အ​သက်​ရှင်​လျှောက်​လှမ်း​သည်​ကို သေ​ချာ​စွာ​ဆင်​ခြင်​ကြ​လော့။ ပ​ညာ​မဲ့​ကဲ့​သို့​မ​ဟုတ်​ဘဲ ပ​ညာ​ရှိ​ကဲ့​သို့ လျှောက်​လှမ်း​၍