Myanmar Standard Bible

ဧ​ဖက်​ဩ​ဝါ​ဒ​စာ 4:6-11 Myanmar Standard Bible (MSB)

6. အ​ရာ​ခပ်​သိမ်း​တို့​အ​ပေါ်​၌​လည်း​ကောင်း၊ အ​ရာ​ခပ်​သိမ်း​တို့​၌​ပျံ့​နှံ့​လျက်​လည်း​ကောင်း၊ အ​ရာ​ခပ်​သိမ်း​တို့​အ​ထဲ​၌​လည်း​ကောင်း ရှိ​တော်​မူ​၍ အ​ရာ​ခပ်​သိမ်း​တို့​၏​အ​ဖ​ဖြစ်​တော်​မူ​သော ဘု​ရား​သ​ခင်​သည် တစ်​ဆူ​တည်း​ရှိ​တော်​မူ​၏။

7. သို့​သော် ငါ​တို့​တစ်​ဦး​စီ​သည် ခ​ရစ်​တော်​ပေး​တော်​မူ​သော ကောင်း​ချီး​လက်​ဆောင်​၏​ပ​မာ​ဏ​အ​တိုင်း ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​ကြ​၏။

8. ထို့​ကြောင့် “ကိုယ်​တော်​သည် မြင့်​သော​အ​ရပ်​သို့ တက်​သွား​တော်​မူ​သော​အ​ခါ ချုပ်​နှောင်​ထား​သော​သူ​ကို ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​၍ လူ​တို့​အား လက်​ဆောင်​များ​ကို​ပေး​တော်​မူ​၏”​ဟု ကျမ်း​စာ​၌​ဆို​ထား​၏။

9. (တက်​သွား​တော်​မူ​သော​အ​ခါ​ဟု​ဆို​ရာ​တွင် မြေ​ကြီး​အောက်​အ​ရပ်​များ​သို့​လည်း ကြွ​ဆင်း​တော်​မူ​ခဲ့​ကြောင်း​ကို ဆို​လို​ခြင်း​မ​ဟုတ်​လျှင် မည်​သည့်​အ​ရာ​ဖြစ်​ဦး​မည်​နည်း။

10. ကြွ​ဆင်း​တော်​မူ​ခဲ့​သော​အ​ရှင်​ကိုယ်​တိုင်​သည် အ​ရာ​ခပ်​သိမ်း​တို့​ကို ပြည့်​စုံ​စေ​ရန် ကောင်း​ကင်​အ​ထပ်​ထပ်​တို့​အ​ပေါ်​သို့ တက်​သွား​တော်​မူ​သော​အ​ရှင်​လည်း ဖြစ်​တော်​မူ​၏။)

11. ထို့​နောက် ကိုယ်​တော်​သည် အ​ချို့​တို့​ကို တ​မန်​တော်​အ​ရာ​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို ပ​ရော​ဖက်​အ​ရာ​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို ကောင်း​မြတ်​သော​သ​တင်း​ဟော​ပြော​သူ​အ​ရာ​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို သင်း​အုပ်​အ​ရာ​နှင့်​ဆ​ရာ​အ​ရာ​၌​လည်း​ကောင်း ခန့်​ထား​တော်​မူ​၏။