Myanmar Standard Bible

ဧ​ဖက်​ဩ​ဝါ​ဒ​စာ 4:5-16 Myanmar Standard Bible (MSB)

5. သ​ခင်​တစ်​ပါး​တည်း၊ ယုံ​ကြည်​ခြင်း​တစ်​ပါး​တည်း၊ ဗတ္တိ​ဇံ​တစ်​ပါး​တည်း​ရှိ​၏။

6. အ​ရာ​ခပ်​သိမ်း​တို့​အ​ပေါ်​၌​လည်း​ကောင်း၊ အ​ရာ​ခပ်​သိမ်း​တို့​၌​ပျံ့​နှံ့​လျက်​လည်း​ကောင်း၊ အ​ရာ​ခပ်​သိမ်း​တို့​အ​ထဲ​၌​လည်း​ကောင်း ရှိ​တော်​မူ​၍ အ​ရာ​ခပ်​သိမ်း​တို့​၏​အ​ဖ​ဖြစ်​တော်​မူ​သော ဘု​ရား​သ​ခင်​သည် တစ်​ဆူ​တည်း​ရှိ​တော်​မူ​၏။

7. သို့​သော် ငါ​တို့​တစ်​ဦး​စီ​သည် ခ​ရစ်​တော်​ပေး​တော်​မူ​သော ကောင်း​ချီး​လက်​ဆောင်​၏​ပ​မာ​ဏ​အ​တိုင်း ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​ကြ​၏။

8. ထို့​ကြောင့် “ကိုယ်​တော်​သည် မြင့်​သော​အ​ရပ်​သို့ တက်​သွား​တော်​မူ​သော​အ​ခါ ချုပ်​နှောင်​ထား​သော​သူ​ကို ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​၍ လူ​တို့​အား လက်​ဆောင်​များ​ကို​ပေး​တော်​မူ​၏”​ဟု ကျမ်း​စာ​၌​ဆို​ထား​၏။

9. (တက်​သွား​တော်​မူ​သော​အ​ခါ​ဟု​ဆို​ရာ​တွင် မြေ​ကြီး​အောက်​အ​ရပ်​များ​သို့​လည်း ကြွ​ဆင်း​တော်​မူ​ခဲ့​ကြောင်း​ကို ဆို​လို​ခြင်း​မ​ဟုတ်​လျှင် မည်​သည့်​အ​ရာ​ဖြစ်​ဦး​မည်​နည်း။

10. ကြွ​ဆင်း​တော်​မူ​ခဲ့​သော​အ​ရှင်​ကိုယ်​တိုင်​သည် အ​ရာ​ခပ်​သိမ်း​တို့​ကို ပြည့်​စုံ​စေ​ရန် ကောင်း​ကင်​အ​ထပ်​ထပ်​တို့​အ​ပေါ်​သို့ တက်​သွား​တော်​မူ​သော​အ​ရှင်​လည်း ဖြစ်​တော်​မူ​၏။)

11. ထို့​နောက် ကိုယ်​တော်​သည် အ​ချို့​တို့​ကို တ​မန်​တော်​အ​ရာ​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို ပ​ရော​ဖက်​အ​ရာ​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို ကောင်း​မြတ်​သော​သ​တင်း​ဟော​ပြော​သူ​အ​ရာ​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို သင်း​အုပ်​အ​ရာ​နှင့်​ဆ​ရာ​အ​ရာ​၌​လည်း​ကောင်း ခန့်​ထား​တော်​မူ​၏။

12-13. ဤ​သည်​ကား ငါ​တို့​အား​လုံး​သည် ယုံ​ကြည်​ခြင်း​နှင့် ဘု​ရား​သ​ခင်​၏​သား​တော်​ကို​သိ​ခြင်း​တို့​၌ တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက် စုံ​လင်​ရင့်​ကျက်​သော​သူ​ဖြစ်​ကာ ခ​ရစ်​တော်​၏​ပြည့်​စုံ​ခြင်း​အ​တိုင်း​အ​တာ​ပ​မာ​ဏ​သို့​ရောက်​သည့်​တိုင်​အောင် ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ​တော်​ကို​တည်​ဆောက်​သ​ဖြင့် အ​မှု​တော်​လုပ်​ငန်း​အ​တွက် သန့်​ရှင်း​သူ​တို့​ကို ပြင်​ဆင်​ထား​ရန်​ဖြစ်​၏။

14. ဤ​သို့​ဖြင့် ငါ​တို့​သည် လူ​တို့​၏​ကောက်​ကျစ်​စဉ်း​လဲ​မှု​နှင့် ပ​ရိ​ယာယ်​ဖြင့်​လှည့်​ဖြား​တတ်​သည့်​လျှို့​ဝှက်​အ​ကြံ​အ​စည်​တို့​ကြောင့် ဖြစ်​ပေါ်​လာ​သည့်​သြ​ဝါ​ဒ​လေ​အ​မျိုး​မျိုး​၌ လွင့်​ပါ​၍​လူး​လွန့်​နေ​သော က​လေး​သူ​ငယ်​များ​ကဲ့​သို့​မ​ဟုတ်​တော့​ဘဲ

15. ချစ်​ခြင်း​မေတ္တာ​ဖြင့် သမ္မာ​တ​ရား​ကို​ဟော​ပြော​လျက် ဦး​ခေါင်း​ဖြစ်​တော်​မူ​သော​ခ​ရစ်​တော်​၌ အ​ရာ​ရာ​တွင် ကြီး​ထွား​ကြ​မည်​ဖြစ်​၏။

16. ထို​ဦး​ခေါင်း​မှ​တစ်​ဆင့် ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည် ထောက်​မ​ပေး​သော​အ​ဆစ်​ရှိ​သ​မျှ​တို့​ဖြင့် အံ​ဝင်​ခွင်​ကျ​ဆက်​စပ်​ခြင်း​နှင့် ပေါင်း​စည်း​ခြင်း​ကို​ခံ​ရ​လျက် အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ်​ခု​စီ​သည် မိ​မိ​အ​ငန်း​အ​တာ​အ​လိုက် လုပ်​ဆောင်​ခြင်း​အား​ဖြင့် မိ​မိ​ကိုယ်​ကို ချစ်​ခြင်း​မေတ္တာ​၌​တည်​ဆောက်​ကာ ကိုယ်​ခန္ဓာ​ကို​ကြီး​ထွား​စေ​၏။