Myanmar Standard Bible

ဧ​ဖက်​ဩ​ဝါ​ဒ​စာ 4:26-29 Myanmar Standard Bible (MSB)

26. အ​မျက်​ထွက်​သော်​လည်း အ​ပြစ်​မ​ပြု​ကြ​နှင့်။ အ​မျက်​မ​ပြေ​ဘဲ နေ​မ​ဝင်​စေ​ကြ​နှင့်။

27. မာရ်​နတ်​ကို​လည်း အ​ခွင့်​မ​ပေး​ကြ​နှင့်။

28. ခိုး​တတ်​သော​သူ​သည် နောက်​ထပ် မ​ခိုး​ဘဲ လို​အပ်​သော​သူ​အား ဝေ​မျှ​စ​ရာ​ရှိ​စေ​ရန် မိ​မိ​လက်​ဖြင့် ကောင်း​သော​အ​လုပ်​ကို အား​ထုတ်​လုပ်​ဆောင်​စေ။

29. သင်​တို့​၏​နှုတ်​ထဲ​မှ မ​ကောင်း​သော​စ​ကား​တစ်​ခွန်း​ကို​မျှ မ​ထွက်​စေ​နှင့်။ ကြား​ရ​သော​သူ​တို့​ကို ကျေး​ဇူး​ပြု​နိုင်​ရန် လို​အပ်​ချက်​နှင့်​အ​ညီ တည်​ဆောက်​စ​ရာ​ဖြစ်​စေ​သည့် ကောင်း​သော​စ​ကား​တို့​ကို​သာ ပြော​ဆို​ကြ​လော့။