Myanmar Standard Bible

ဧ​ဖက်​ဩ​ဝါ​ဒ​စာ 4:24-27 Myanmar Standard Bible (MSB)

24. သမ္မာ​တ​ရား​နှင့်​ဆိုင်​သော ဖြောင့်​မတ်​ခြင်း​နှင့်​သန့်​ရှင်း​ခြင်း​တို့​ဖြင့် ဘု​ရား​သ​ခင်​၏​သဏ္ဌာန်​တော်​နှင့်​အ​ညီ ဖန်​ဆင်း​ခြင်း​ခံ​ရ​သော​လူ​သစ်​ကို​ဝတ်​ဆင်​ရန် နည်း​ခံ​ခဲ့​ကြ​၏။

25. ထို့​ကြောင့် မု​သား​စ​ကား​ကို​ဖယ်​ရှား​၍ သင်​တို့​တစ်​ဦး​စီ​သည် မိ​မိ​ဝန်း​ကျင်​၌​ရှိ​သော​သူ​အား မှန်​သော​စ​ကား​ကို​ပြော​ကြ​လော့။ အ​ကြောင်း​မူ​ကား ငါ​တို့​သည် တစ်​ဦး​နှင့်​တစ်​ဦး ကိုယ်အင်္ဂါ​ချင်း​များ​ဖြစ်​ကြ​၏။

26. အ​မျက်​ထွက်​သော်​လည်း အ​ပြစ်​မ​ပြု​ကြ​နှင့်။ အ​မျက်​မ​ပြေ​ဘဲ နေ​မ​ဝင်​စေ​ကြ​နှင့်။

27. မာရ်​နတ်​ကို​လည်း အ​ခွင့်​မ​ပေး​ကြ​နှင့်။