Myanmar Standard Bible

ဧ​ဖက်​ဩ​ဝါ​ဒ​စာ 4:19-23 Myanmar Standard Bible (MSB)

19. သူ​တို့​သည် ရှက်​ကြောက်​စိတ်​ကင်း​မဲ့​လျက် ညစ်​ညူး​သော​အ​ရာ​အ​မျိုး​မျိုး​တို့​ကို အ​လွန်​တပ်​မက်​သော​စိတ်​နှင့်​ပြု​မူ​၍ မိ​မိ​တို့​ကိုယ်​ကို ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း​လက်​သို့ အပ်​လိုက်​ကြ​၏။

20-21. သို့​သော် သမ္မာ​တ​ရား​သည် ယေ​ရှု​၌​ရှိ​သည်​နှင့်​အ​ညီ သင်​တို့​သည် ခ​ရစ်​တော်​အ​ကြောင်း​ကို​ကြား​နာ​လျက် ကိုယ်​တော်​၌ သွန်​သင်​ခြင်း​ကို​ခံ​ယူ​ခဲ့​သည်​မှန်​လျှင် ခ​ရစ်​တော်​၌ ထို​သို့​နည်း​ခံ​ခဲ့​ကြ​သည်​မ​ဟုတ်။

22. သင်​တို့​သည် လှည့်​ဖြား​တတ်​သော​တပ်​မက်​ခြင်း​များ​ကြောင့် ပျက်​စီး​ခြင်း​သို့​ရောက်​မည့် သင်​တို့​၏​လူ​ဟောင်း​တည်း​ဟူ​သော ယ​ခင်​က အ​သက်​ရှင်​နေ​ထိုင်​မှု​ကို ချွတ်​ပယ်​၍

23. သင်​တို့​၏​စိတ်​နှ​လုံး​သ​ဘော အ​သစ်​ပြု​ပြင်​ခြင်း​ခံ​ရ​ကာ