Myanmar Standard Bible

ဧ​ဖက်​ဩ​ဝါ​ဒ​စာ 4:1-5 Myanmar Standard Bible (MSB)

1. ထို့​ကြောင့် ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​သော​သင်​တို့​သည် ထို​ခေါ်​ယူ​တော်​မူ​ခြင်း​နှင့်​ထိုက်​တန်​စွာ အ​သက်​ရှင်​လျှောက်​လှမ်း​ကြ​ရန် သ​ခင်​ဘု​ရား​အ​တွက် အ​ကျဉ်း​သား​ဖြစ်​သော​ငါ​သည် သင်​တို့​ကို​တိုက်​တွန်း​နှိုး​ဆော်​ပါ​၏။

2. အ​ရာ​ရာ​၌ စိတ်​နှိမ့်​ချ​ခြင်း​နှင့်​နူး​ညံ့​သိမ်​မွေ့​ခြင်း​အ​ပြည့်​အ​ဝ​ရှိ​လျက် စိတ်​ရှည်​စွာ​ဖြင့် ချစ်​ခြင်း​မေတ္တာ​၌ တစ်​ဦး​ကို​တစ်​ဦး​သည်း​ခံ​ကာ

3. ငြိမ်​သက်​ခြင်း​၏​စု​စည်း​နှောင်​ဖွဲ့​မှု​အား​ဖြင့် ဝိ​ညာဉ်​တော်​၌ တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ခြင်း​ကို ကြိုး​စား​ထိန်း​သိမ်း​ကြ​လော့။

4. သင်​တို့​ကို​ခေါ်​ယူ​တော်​မူ​သော​အ​ခါ တစ်​ပါး​တည်း​သော​မျှော်​လင့်​ခြင်း​သို့ ခေါ်​ယူ​တော်​မူ​သ​ကဲ့​သို့ ကိုယ်​ခန္ဓာ​တစ်​ပါး​တည်း၊ ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​ရှိ​၏။

5. သ​ခင်​တစ်​ပါး​တည်း၊ ယုံ​ကြည်​ခြင်း​တစ်​ပါး​တည်း၊ ဗတ္တိ​ဇံ​တစ်​ပါး​တည်း​ရှိ​၏။