Myanmar Standard Bible

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 9:22-28 Myanmar Standard Bible (MSB)

22. ပ​ညတ်​တ​ရား​အ​ရ အ​ရာ​အား​လုံး​နီး​ပါး​သည် သွေး​အား​ဖြင့်​စင်​ကြယ်​စေ​ရ​၏။ သွေး​သွန်း​လောင်း​ခြင်း​မ​ရှိ​လျှင် အ​ပြစ်​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​ဟူ​၍​မ​ရှိ။

23. ထို့​ကြောင့် ကောင်း​ကင်​ဘုံ​၌​ရှိ​သော​အ​ရာ​တို့​၏​န​မူ​နာ​များ​ကို အ​ဆို​ပါ​အ​ရာ​များ​အား​ဖြင့် စင်​ကြယ်​စေ​ရန်​လို​အပ်​၏။ သို့​သော် အ​ထက်​ကောင်း​ကင်​အ​ရပ်​၌​ရှိ​သော​အ​ရာ​အ​စစ်​တို့​ကို​မူ​ကား ထို​အ​ရာ​များ​ထက် သာ​၍​မြတ်​သော​ယဇ်​အား​ဖြင့် စင်​ကြယ်​စေ​ရန်​လို​အပ်​၏။

24. အ​ကြောင်း​မူ​ကား ခ​ရစ်​တော်​သည် စစ်​မှန်​သော​အ​ရာ​၏​ပုံ​တူ​မျှ​သာ​ဖြစ်​သည့် လူ့​လက်​ဖြင့်​တည်​ဆောက်​သော​သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့​မ​ဝင်​ဘဲ ငါ​တို့​ကိုယ်​စား ယ​ခု ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​ထင်​ရှား​တော်​မူ​ရန် ကောင်း​ကင်​ထဲ​သို့​ဝင်​တော်​မူ​၏။

25. ယဇ်​ပု​ရော​ဟိတ်​မင်း​သည် ကိုယ့်​သွေး​မ​ဟုတ်​သော​သွေး​ဖြင့် နှစ်​စဉ်​နှစ်​တိုင်း သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့​ဝင်​သ​ကဲ့​သို့ ကိုယ်​တော်​သည် မိ​မိ​ကိုယ်​ကို​အ​ကြိမ်​ကြိမ်​ပူ​ဇော်​ရန်​မ​လို​ပေ။

26. ထို​သို့​ပူ​ဇော်​ရ​လျှင် ကမ္ဘာ​တည်​ချိန်​မှ​စ​၍ ဒုက္ခ​ဝေ​ဒ​နာ​ကို အ​ကြိမ်​ကြိမ်​ခံ​စား​ရ​ပေ​လိမ့်​မည်။ ယ​ခု​မူ​ကား မိ​မိ​ကိုယ်​ကို​ပူ​ဇော်​ခြင်း​အား​ဖြင့် အ​ပြစ်​တ​ရား​ကို​ပယ်​ဖျက်​ရန် ကပ်​ကာ​လ​အ​ဆုံး​၌ တစ်​ကြိမ်​တည်း​ပေါ်​ထွန်း​တော်​မူ​၏။

27. လူ​တို့​သည် တစ်​ကြိမ်​တည်း​သေ​၍ သေ​ပြီး​သည့်​နောက် တ​ရား​စီ​ရင်​ခြင်း​ကို​ခံ​ရ​သ​ကဲ့​သို့

28. ခ​ရစ်​တော်​သည်​လည်း များ​စွာ​သော​လူ​တို့​၏​အ​ပြစ်​များ​ကို​ဆောင်​ယူ​သွား​ရန် မိ​မိ​ကိုယ်​ကို​တစ်​ကြိမ်​တည်း​ပူ​ဇော်​ပြီး​မှ ဒု​တိ​ယ​အ​ကြိမ်​၌​ကား အ​ပြစ်​အ​တွက်​မ​ဟုတ်​ဘဲ မိ​မိ​ကို​စောင့်​မျှော်​နေ​သော​သူ​တို့​အား ကယ်​တင်​ရန်​အ​တွက် ပေါ်​ထွန်း​တော်​မူ​လိမ့်​မည်။