Myanmar Standard Bible

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 9:14-26 Myanmar Standard Bible (MSB)

14. ထာ​ဝ​ရ​ဝိ​ညာဉ်​တော်​အား​ဖြင့် အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​သော မိ​မိ​ကိုယ်​ကို ဘု​ရား​သ​ခင်​ထံ​ပူ​ဇော်​ခဲ့​သည့် ခ​ရစ်​တော်​၏​သွေး​တော်​သည် အ​သက်​ရှင်​သော​ဘု​ရား​သ​ခင်​ကို ငါ​တို့​ဝတ်​ပြု​မည့်​အ​ကြောင်း သေ​ခြင်း​နှင့်​ဆိုင်​သော​အ​ကျင့်​များ​မှ ငါ​တို့​၏​အ​သိ​စိတ်​ကို မည်​မျှ​ပို​၍​စင်​ကြယ်​စေ​လိမ့်​မည်​နည်း။

15. ထို့​ကြောင့် ခ​ရစ်​တော်​သည် ပ​ဋိ​ညာဉ်​သစ်​၏​ကြား​ဝင်​စေ့​စပ်​သူ​ဖြစ်​တော်​မူ​၏။ ဤ​သည်​ကား ပ​ထ​မ​ပ​ဋိ​ညာဉ်​လက်​အောက်​၌ ဖောက်​ဖျက်​ကျူး​လွန်​သော​အ​ပြစ်​များ​မှ လူ​တို့​ကို​ရွေး​နုတ်​ရန် ကိုယ်​တော်​သည် အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့် ခေါ်​ယူ​တော်​မူ​သော​သူ​တို့​သည် ထာ​ဝ​ရ​အ​မွေ​နှင့်​ဆိုင်​သော​က​တိ​တော်​ကို ရ​ရှိ​မည့်​အ​ကြောင်း​တည်း။

16. သေ​တမ်း​စာ​ကို​တင်​ပြ​ရာ​တွင် ထို​သေ​တမ်း​စာ​ကို​ရေး​ထား​သူ သေ​ဆုံး​ပြီ​ဖြစ်​ကြောင်း အ​ထောက်​အ​ထား​ပြ​ရန်​လို​အပ်​၏။

17. အ​ကြောင်း​မူ​ကား သေ​တမ်း​စာ​သည် ၎င်း​ကို​ရေး​ထား​သူ​အ​သက်​ရှင်​နေ​စဉ် အ​ကျုံး​မ​ဝင်၊ ထို​သူ​သေ​ဆုံး​မှ​သာ အ​တည်​ဖြစ်​၏။

18. ထို့​ကြောင့် ပ​ထ​မ​ပ​ဋိ​ညာဉ်​ကို​လည်း သွေး​မ​ပါ​ဘဲ​ဖွဲ့​ခဲ့​သည်​မ​ဟုတ်။

19. အ​ကြောင်း​မူ​ကား မော​ရှေ​သည် ပ​ညတ်​တ​ရား​ကျမ်း​၌​ပါ​သ​မျှ​သော​ပ​ညတ်​ချက်​တို့​ကို လူ​အ​ပေါင်း​တို့​အား​ကြေ​ညာ​ပြီး​လျှင် ရေ​နှင့်​ရော​နှော​သော နွား​သ​ငယ်​နှင့်​ဆိတ်​တို့​၏​သွေး​ကို​ယူ​၍ ထို​ကျမ်း​မှ​စ​၍​လူ​အ​ပေါင်း​တို့​ကို နီ​မြန်း​သော​သိုး​မွေး​နှင့်​ဟုဿုပ်​ညွန့်​ဖြင့် ပက်​ဖျန်း​လျက်

20. “ဤ​သည်​ကား သင်​တို့​အား ဘု​ရား​သ​ခင်​ပ​ညတ်​တော်​မူ​သည့် ပ​ဋိ​ညာဉ်​နှင့်​ဆိုင်​သော​သွေး​ဖြစ်​၏”​ဟု ဆို​လေ​၏။

21. ထို့​နောက် တဲ​တော်​နှင့်​တ​ကွ ဝတ်​ပြု​ရာ​တွင်​အ​သုံး​ပြု​သော​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​လည်း ထို​နည်း​တူ​သွေး​နှင့် ပက်​ဖျန်း​လေ​၏။

22. ပ​ညတ်​တ​ရား​အ​ရ အ​ရာ​အား​လုံး​နီး​ပါး​သည် သွေး​အား​ဖြင့်​စင်​ကြယ်​စေ​ရ​၏။ သွေး​သွန်း​လောင်း​ခြင်း​မ​ရှိ​လျှင် အ​ပြစ်​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​ဟူ​၍​မ​ရှိ။

23. ထို့​ကြောင့် ကောင်း​ကင်​ဘုံ​၌​ရှိ​သော​အ​ရာ​တို့​၏​န​မူ​နာ​များ​ကို အ​ဆို​ပါ​အ​ရာ​များ​အား​ဖြင့် စင်​ကြယ်​စေ​ရန်​လို​အပ်​၏။ သို့​သော် အ​ထက်​ကောင်း​ကင်​အ​ရပ်​၌​ရှိ​သော​အ​ရာ​အ​စစ်​တို့​ကို​မူ​ကား ထို​အ​ရာ​များ​ထက် သာ​၍​မြတ်​သော​ယဇ်​အား​ဖြင့် စင်​ကြယ်​စေ​ရန်​လို​အပ်​၏။

24. အ​ကြောင်း​မူ​ကား ခ​ရစ်​တော်​သည် စစ်​မှန်​သော​အ​ရာ​၏​ပုံ​တူ​မျှ​သာ​ဖြစ်​သည့် လူ့​လက်​ဖြင့်​တည်​ဆောက်​သော​သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့​မ​ဝင်​ဘဲ ငါ​တို့​ကိုယ်​စား ယ​ခု ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​ထင်​ရှား​တော်​မူ​ရန် ကောင်း​ကင်​ထဲ​သို့​ဝင်​တော်​မူ​၏။

25. ယဇ်​ပု​ရော​ဟိတ်​မင်း​သည် ကိုယ့်​သွေး​မ​ဟုတ်​သော​သွေး​ဖြင့် နှစ်​စဉ်​နှစ်​တိုင်း သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့​ဝင်​သ​ကဲ့​သို့ ကိုယ်​တော်​သည် မိ​မိ​ကိုယ်​ကို​အ​ကြိမ်​ကြိမ်​ပူ​ဇော်​ရန်​မ​လို​ပေ။

26. ထို​သို့​ပူ​ဇော်​ရ​လျှင် ကမ္ဘာ​တည်​ချိန်​မှ​စ​၍ ဒုက္ခ​ဝေ​ဒ​နာ​ကို အ​ကြိမ်​ကြိမ်​ခံ​စား​ရ​ပေ​လိမ့်​မည်။ ယ​ခု​မူ​ကား မိ​မိ​ကိုယ်​ကို​ပူ​ဇော်​ခြင်း​အား​ဖြင့် အ​ပြစ်​တ​ရား​ကို​ပယ်​ဖျက်​ရန် ကပ်​ကာ​လ​အ​ဆုံး​၌ တစ်​ကြိမ်​တည်း​ပေါ်​ထွန်း​တော်​မူ​၏။