1. ပထမပဋိညာဉ်တွင်လည်း ဝတ်ပြုခြင်းဆိုင်ရာပြဋ္ဌာန်းချက်များနှင့် လောက၌ရှိသောသန့်ရှင်းရာဌာနတို့ပါ၏။
2. အကြောင်းမူကား တဲတော်ကိုပြင်ဆင်ရာတွင် သန့်ရှင်းရာဌာနဟုခေါ်သော ပထမအခန်းထဲ၌ ဆီမီးခုံ၊ စားပွဲနှင့် ရှေ့တော်မုန့်တို့ကိုထားရှိကြ၏။
3. ဒုတိယကန့်လန့်ကာ၏နောက်တွင်မူကား အလွန်သန့်ရှင်းရာဌာနဟုခေါ်သောတဲတော်ရှိ၏။
4. ၎င်းထဲတွင် နံ့သာပေါင်းမီးရှို့ရာရွှေယဇ်ပလ္လင်နှင့် မျက်နှာပြင်အဘက်ဘက်၌ ရွှေဖြင့်မွမ်းမံထားသောပဋိညာဉ်သေတ္တာရှိ၏။ ထိုသေတ္တာ၌ မန္နမုန့်ထည့်ထားသည့်ရွှေအိုး၊ အဖူးထွက်သောအာရုန်၏တောင်ဝှေးနှင့် ပဋိညာဉ်ကျောက်ပြားတို့ရှိ၏။
5. ထိုသေတ္တာပေါ်တွင် ဘုန်းအသရေနှင့်ပြည့်စုံသောခေရုဗိမ်တို့သည် အသနားခံရာပလ္လင်ကို အုပ်မိုးထားကြ၏။ ဤအရာများအကြောင်းကို ယခုအသေးစိတ်ပြောပြ၍ မရနိုင်ပေ။
6. ၎င်းတို့ကို ထိုသို့ပြင်ဆင်ပြီးသောအခါ ယဇ်ပုရောဟိတ်တို့သည် တဲတော်ပထမအခန်းထဲသို့ အစဉ်ဝင်၍ ဝတ်ပြုခြင်းအမှုများကိုဆောင်ရွက်ကြ၏။
7. ဒုတိယအခန်းထဲသို့မူကား ယဇ်ပုရောဟိတ်မင်းတစ်ပါးတည်းသာ တစ်နှစ်တစ်ကြိမ်ဝင်လေ၏။ ထိုသို့ဝင်သောအခါ မိမိအတွက်လည်းကောင်း၊ လူတို့မသိနားမလည်၍ကျူးလွန်မိသောအပြစ်များအတွက်လည်းကောင်း ပူဇော်သည့်သွေးမပါဘဲဝင်ခြင်းမရှိ။
8. တဲတော်ပထမအခန်းတည်ရှိနေသရွေ့ အလွန်သန့်ရှင်းရာဌာနသို့ဝင်ရောက်ရာလမ်းသည် မပွင့်သေးကြောင်း သန့်ရှင်းသောဝိညာဉ်တော်က ဤအမှုအရာအားဖြင့် ဖော်ပြတော်မူ၏။
9. ထိုတဲတော်သည် ဤမျက်မှောက်ကာလအတွက် ပုံဥပမာဖြစ်၍ ပူဇော်သောပူဇော်သက္ကာနှင့်ယဇ်တို့သည် ဝတ်ပြုသူ၏အသိစိတ်ကိုမစုံလင်စေနိုင်ကြောင်း ဖော်ပြ၏။
10. ထိုအရာတို့သည် စားစရာ၊ သောက်စရာနှင့် အထူးထူးအပြားပြားသောဆေးကြောခြင်းဝတ်များနှင့်ဆိုင်၍ အသစ်ပြုပြင်ရာကာလတိုင်အောင် ထုံးဖွဲ့ထားသော ကိုယ်ကာယနှင့်ဆိုင်သည့် ပြဋ္ဌာန်းချက်များသာဖြစ်ကြ၏။
11. သို့သော် ခရစ်တော်သည် ရောက်ရှိလာပြီးဖြစ်သည့် ကောင်းသောအရာများနှင့်ဆိုင်သော ယဇ်ပုရောဟိတ်မင်းအဖြစ်ကြွလာတော်မူ၍ လူ့လက်ဖြင့်တည်ဆောက်သည်မဟုတ်၊ တစ်နည်းဆိုသော် ဤဖန်ဆင်းခံလောကမှမဟုတ်သော ပို၍ကြီးမြတ်ပြီး ပို၍စုံလင်သည့်တဲတော်မှတစ်ဆင့်