Myanmar Standard Bible

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 5:9-14 Myanmar Standard Bible (MSB)

9. စုံ​လင်​ခြင်း​သို့​ရောက်​ပြီး​လျှင် မိ​မိ​ကို​နာ​ခံ​သော​သူ​အ​ပေါင်း​တို့​အား ထာ​ဝ​ရ​ကယ်​တင်​ခြင်း​ကို​ပေး​သော​အ​ရှင်​ဖြစ်​လာ​၍

10. မေ​လ​ခိ​ဇေ​ဒက်​နှင့်​အ​လား​တူ​သော ယဇ်​ပု​ရော​ဟိတ်​မင်း​ဟု ဘု​ရား​သ​ခင်​၏​ခေါ်​ဝေါ်​သ​မုတ်​တော်​မူ​ခြင်း​ကို​ခံ​ရ​၏။

11. ထို​မေ​လ​ခိ​ဇေ​ဒက်​နှင့်​ပတ်​သက်​၍ ငါ​တို့​တွင် ပြော​စ​ရာ​စ​ကား​များ​စွာ​ရှိ​သော်​လည်း သင်​တို့​သည် နား​ဝေး​ကြ​သော​ကြောင့် ရှင်း​ပြ​ရန်​ခက်​၏။

12. အ​မှန်​စင်​စစ် သင်​တို့​သည် အ​ချိန်​ကာ​လ​အ​ရ ဆ​ရာ​များ​ဖြစ်​သင့်​ပြီ​ဖြစ်​သော်​လည်း ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​တော်​၏​အ​ခြေ​ခံ​ကို တစ်​စုံ​တစ်​ယောက်​က သင်​တို့​အား အ​စ​မှ​ပြန်​သင်​ပေး​ရန်​လို​အပ်​နေ​၏။ သင်​တို့​၌​လို​အပ်​သည်​မှာ မာ​သော​အ​စာ​မ​ဟုတ်​ဘဲ နို့​ရည်​သာ​ဖြစ်​၏။

13. နို့​ရည်​ကို​သောက်​သုံး​နေ​သော​သူ​တိုင်း​သည် က​လေး​သူ​ငယ်​ဖြစ်​သော​ကြောင့် ဖြောင့်​မတ်​ခြင်း​နှင့်​ဆိုင်​သော​နှုတ်​က​ပတ်​တော်​နှင့် ရင်း​နှီး​ကျွမ်း​ဝင်​ခြင်း​မ​ရှိ။

14. မာ​သော​အ​စာ​မူ​ကား အ​ကောင်း​အ​ဆိုး​ကို​ပိုင်း​ခြား​၍​သိ​ရှိ​နိုင်​သော​ထိုး​ထွင်း​ဉာဏ်​ကို အ​တွေ့​အ​ကြုံ​အား​ဖြင့်​လေ့​ကျင့်​ထား​သည့်​စုံ​လင်​ရင့်​ကျက်​သော​သူ​များ​အ​တွက်​ဖြစ်​၏။