Myanmar Standard Bible

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 5:7-11 Myanmar Standard Bible (MSB)

7. ခ​ရစ်​တော်​သည် လူ​သား​အ​ဖြစ်​၌​ရှိ​စဉ် သေ​ခြင်း​မှ​ကယ်​တင်​နိုင်​သော​အ​ရှင်​ထံ ကျယ်​လောင်​သော​အော်​ဟစ်​သံ​နှင့်​မျက်​ရည်​တို့​ဖြင့် တောင်း​လျှောက်​၍ အ​သ​နား​ခံ​သ​ဖြင့် ထို​ကြည်​ညို​မှု​ကြောင့် ဘု​ရား​သ​ခင်​သည် နား​ညောင်း​တော်​မူ​၏။

8. ကိုယ်​တော်​သည် သား​တော်​ဖြစ်​သော်​လည်း ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​ခြင်း​အား​ဖြင့် နာ​ခံ​မှု​ကို​သင်​ယူ​လျက်

9. စုံ​လင်​ခြင်း​သို့​ရောက်​ပြီး​လျှင် မိ​မိ​ကို​နာ​ခံ​သော​သူ​အ​ပေါင်း​တို့​အား ထာ​ဝ​ရ​ကယ်​တင်​ခြင်း​ကို​ပေး​သော​အ​ရှင်​ဖြစ်​လာ​၍

10. မေ​လ​ခိ​ဇေ​ဒက်​နှင့်​အ​လား​တူ​သော ယဇ်​ပု​ရော​ဟိတ်​မင်း​ဟု ဘု​ရား​သ​ခင်​၏​ခေါ်​ဝေါ်​သ​မုတ်​တော်​မူ​ခြင်း​ကို​ခံ​ရ​၏။

11. ထို​မေ​လ​ခိ​ဇေ​ဒက်​နှင့်​ပတ်​သက်​၍ ငါ​တို့​တွင် ပြော​စ​ရာ​စ​ကား​များ​စွာ​ရှိ​သော်​လည်း သင်​တို့​သည် နား​ဝေး​ကြ​သော​ကြောင့် ရှင်း​ပြ​ရန်​ခက်​၏။