12. “အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ကို အကျွန်ုပ်၏ညီအစ်ကိုများအား ပြောကြားပါမည်။ လူအစုအဝေးအလယ်၌ ကိုယ်တော်ကိုချီးမွမ်းသီဆိုပါမည်”ဟု မိန့်တော်မူ၏။
13. တစ်ဖန် “ငါသည် ကိုယ်တော်ကိုယုံကြည်ကိုးစားမည်”ဟူ၍လည်းကောင်း၊ “ကြည့်ရှုလော့။ ငါနှင့် ငါ့အားဘုရားသခင်ပေးတော်မူသောသားသမီးများပေတည်း”ဟူ၍လည်းကောင်း မိန့်တော်မူ၏။
14. ထိုသားသမီးအားလုံးတို့သည် အသွေးအသားရှိကြသည်ဖြစ်၍ ကိုယ်တော်သည်လည်း သူတို့နည်းတူ ထိုအသွေးအသားကို မျှဝေခံယူတော်မူ၏။ ဤသည်ကား အသေခံတော်မူခြင်းအားဖြင့် သေခြင်း၏တန်ခိုးအရှိန်အဝါကိုပိုင်သောသူဖြစ်သည့် မာရ်နတ်ကို ဖျက်ဆီးလျက်
15. သေခြင်းကိုကြောက်ရွံ့သောသဘော၌ တစ်သက်လုံးကျွန်ခံနေရသောသူတို့ကို လွတ်မြောက်စေရန်ဖြစ်၏။
16. အကယ်စင်စစ် ကိုယ်တော်သည် ကောင်းကင်တမန်တို့ကို ဖေးမတော်မမူဘဲ အာဗြဟံ၏အမျိုးအနွယ်ကို ဖေးမတော်မူ၏။
17. ထို့ကြောင့် ကိုယ်တော်သည် လူတို့၏အပြစ်များအတွက် အသနားခံခြင်းအမှုကိုပြုရန် ဘုရားသခင်ရှေ့တော်၌ သနားကြင်နာတတ်သည့် သစ္စာရှိသောယဇ်ပုရောဟိတ်မင်းဖြစ်မည့်အကြောင်း အရာရာ၌ ညီအစ်ကိုများနှင့်တူရ၏။
18. အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်တိုင်ဖြားယောင်းသွေးဆောင်ခြင်းခံရလျက် ဒုက္ခဝေဒနာခံစားခဲ့သောကြောင့် ဖြားယောင်းသွေးဆောင်ခြင်းခံရသောသူတို့ကို ကူညီမစရန်တတ်နိုင်တော်မူ၏။